မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာ မခွဲခြားဘဲ အကာအကွယ်ပေး ရန် စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံ သို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်း ဖော်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံသံမှူးကြီးဦးကျော်စွာ၊စစ်သံမှူး
ဗိုလ်မှူးချုပ်ဝင်းမောင်တို့ဦး ဆောင်သည့်သံရုံးနှင့်စစ်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များနှင့်တွေ့
ဆုံစဉ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကယခုကဲ့သို့မှာကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ပတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ 
တာဝန် ထမ်းဆောင်နေကြသည့်ဝန်ထမ်းများသည် နိုင်ငံအတွက်အရေးကြီးသည့်တာဝန်ကိုထမ်းဆောင်
နေကြသူများ ဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရာတွင်သံတမန်များ၏အခန်းကဏ္ဍသည်
အရေးကြီးသည့်အတွက်အမှားမရှိအောင်ဂရုစိုက်ကြရန်လိုအပ်ကြောင်းနှင့်တပ်မတော်အနေဖြင့်
ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင်မှန်ကန်စွာရပ်တည် ဆောင်ရွက်
လျှက်ရှိသည်ဟု ပြောကြားခဲ့ကြောင်းသတင်းတွင် ဖော်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မလေးရှားနိုင်ငံဘုရင်
ကပေးအပ်သည့်ဘွဲ့တံဆိပ်ရယူရန်စက်တင်ဘာ၃၀ရက်က ရောက်ရှိနေခြင်း ဖြစ်ပြီး အောက်တိုဘာ
၂ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။


From: Eleven

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive