# ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံနေရာအချို့တွင် ဗုံးပေါက်ကွဲမှု ၊ ဗုံးတွေ့ရှိမှု တို့
ဖြစ်ပေါ်ခဲ့သည်ကို စိတ်မချမ်းမြေ့စရာ ကြားသိရသည် ။ ဒဏ်ရာရရှိကြသူများအတွက်လည်း စာနာဝမ်းနည်းမိပါသည် ။

# FB စာမျက်နှာ၏ တစ်ချို့သော page တို့တွင် ဤ ဗုံးပြသနာသည် သံတွဲပဋိပက္ခတွင် မတရားအဖမ်းဆီးခံခဲ့ရသည့်အတွက် အခဲမကျေသောကြောင့် လက်စားချေသည့်အနေဖြင့် ရခိုင်တို့က ပြုလုပ်ကြကြောင်း လီဆယ်ရေးသားထားကြသည်ကို လက်မခံနိုင်ဖွယ် တွေ့ရှိလာရသည် ။

# သံတွဲပဋိပက္ခကြောင့် မသင်္ကာ၍ဖမ်းဆီးခံထားရသော ရခိုင်တိုင်းရင်းသားများအနေနှင့်လည်း တရားသောဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းရန်သာကြိုးစားကြမည်ဖြစ်ပြီး ကျူးကျော်သူ နှင့် စော်ကားခံရသူတို့သည် အချိန်တန်လျင် အမှန်တရားအတိုင်း ပေါ်ထွက်လာမည်ဟုသာ ယုံကြည်ပါသည် ။

# ကျွန်ုပ်တို့ရခိုင်များအနေနှင့် ထိုကဲ့သို့ မဟုတ်မမှန် လီဆယ်လုပ်ကြံရေးသားချက်များသည် ဘင်္ဂလီများ နှင့် ၎င်းတို့၏ မူဆလင်လော်ဘီ တို့၏ လက်ချက်သာဖြစ်မည်ဟုသာ ယူဆပါသည် ။ ဤကဲ့သို့ လီဆယ်လုပ်ကြံရေးသားမှုများသည် အစစ်အမှန်တရားခံရှာဖွေရေးအတွက် တစ်စုံတစ်ရာ အနှောင့်အယှက် အဖုအထစ် ဖြစ်စေလိုသော ရည်ရွယ်ချက်လည်း ရှိကောင်းရှိနိုင်ပါသည် ။

# ကျွန်ုပ်တို့ ရခိုင်လူမျိုးများသည် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရာစုထောင်စုနှစ်
နှင့်ချီ၍ တစိုက်မတ်မတ် သက်ဝင်ယုံကြည်ကိုးကွယ်လာခဲ့ကြသည့်
ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ်များ ဖြစ်ကြသည် ။
ထိုကဲ့သို့ သက်ဝင်ယုံကြည်မှုကြောင့် ပါနာတိပါတာကံထိုက်သည့် လူတစ်ဘက်သား သေကြေဒဏ်ရာရစေမည့် ဤကဲ့သို့ ဗုံးဖေါက်ခွဲမှုမျိုးကို မည်သည့်ရခိုင် ပုဂ္ဂိုလ် အဖွဲ့အစည်းမျှ ပြုလုပ်ရဲ ပြုလုပ်ကြမည်မဟုတ်ပါ ။

# ထို့ပြင် ယခုလို SEA GAME ကျင်းပမည့်အချိန် ၊ ASEAN ဥက္ကဌ တာဝန်ထမ်းဆောင်ရမည့်အချိန်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ
ကျဆင်းမည့် အရုပ်ဆိုးအကျည်းတန်လှသည့် လုပ်ရပ်မျိုးကို
နိုင်ငံတော်ပေါ်သစ္စာစောင့်သိသည့် မြန်မာ့တိုင်းရင်းသားစစ်စစ် ရခိုင်တို့အနေဖြင့် မည်သည့်နည်းနှင့်မျှ ပြုလုပ်ကြမည်မဟုတ်ကြောင်း နားလည်နိုင်ကြမှာပါ ။

# မြန်မာနှင့် ကမ္ဘာတ၀ှမ်း အကြမ်းဖက် ဗုံးဖေါက်ခွဲမှုမျိုးကို မည်သူတို့ မည်သည့်ဘာသာဝင်တို့သာ လုပ်တတ်ကြောင်းကို မီဒီယာမျိုးစုံတွင်
နေ့စဉ်နှင့်အမျှ ကြားမြင်ဖတ်သိရကြမည်သာ ဖြစ်၍ ရခိုင်တို့အပေါ်
အဘယ်ကြောင့် လုပ်ကြံစွပ်စွဲရေးသားကြသည်ကို ရိပ်မိသင့်ကြပေသည် ။

# မိမိရခိုင်တို့ဘက်မှာလဲ ယခုလို မြန်မာနိုင်ငံအတွက် အရေးကြီးသော အလှည့်အပြောင်းကာလ နှင့် မြန်မာ့ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်သို့ ထုတ်ဖေါ်ရမည့်ကာလမျိုးတွင် ဗမာအပါအ၀င် မြန်မာတိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲမှားစေမည့် အပြောအဆို အရေးအသားမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြည်ကြရန်လိုအပ်လှပေသည် ။

# မိမိရခိုင်တို့အတွက် ယခုလို အသက်အန္တရယ် နှင့် နယ်မြေ ကို မိစ္ဆာကုလား ဘင်္ဂလီခေါ်တောတို့၏ ခြိမ်းခြောက်မှုကို ခံနေရသောအချိန်တွင် မိတ်ဆွေမပွားလျင်နေပါ ရန်သူများလာမည့် ကိစ္စရပ်များကိုလည်း မပြုလုပ်မီကြဖို့ လိုအပ်နေပါကြောင်း ။
# ပြည်တွင်းနေ ရခိုင်တို့၏ ဆူးကြားကဘူးခါး ဘ၀ကို ပြည်ပရောက်မျိုးချစ်ရခိုင်များ စာနာနားလည်ကြပြီး ယခုအချိန်တွင် ဌာနေရခိုင်များဖွံ့ဖြိုးတိုးတက်စေမည့် စီးပွားရေး လူမှုရေး နည်းပညာ အကူအညီများ ပံ့ပိုးထောက်ပံ့ပေးကြခြင်းဖြင့်သာ အမျိုးချစ်ကြောင်းပြသစေလိုပါသည်

( Than Tun Than )

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive