From : ..eleven



ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ အပါအ၀င် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို စီမံချက်ဒဏ်ငွေဖြင့် အရေးယူနေမှုအား ပယ်ဖျက်ကာ အောက်တိုဘာ ၁ ရက်မှ စတင်၍ တည်ဆဲဥပဒေဖြင့် ယာဉ်ထိန်းတရားရုံးမှ ထောင်ဒဏ်ပြစ်ဒဏ်အထိ ချမှတ်ကာ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်၊ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

စည်းကမ်းချိုးဖောက်ပြီး မောင်းနှင်နေသည့် မော်တော်ယာဉ်အစီးရေ ၁၅၀၀၀ ကျော်အား လစဉ်ဖမ်းဆီးပြီး ဒဏ်ငွေရိုက် အရေးယူသော်လည်း လိုက်နာမှုများ မရှိသဖြင့် ယခုကဲ့သို့ ထိရောက်စွာ အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။

''ဒီလိုစည်းကမ်းဖောက်တဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ လူတိုင်းကတော့ ကိုယ်သွားလိုတဲ့ နေရာကို အမြန်ဆုံး ရောက်ချင်ကြတာပဲ။ ဒါပေမဲ့ စည်းကမ်းရှိဖို့ အရေးကြီးပါတယ်။ အခုယာဉ်တွေအများစုက မီးပွိုင့်မိနေတဲ့အခါကျရင် ကားတန်းအရှည်ကြီးကို စနစ်တကျမမောင်းဘဲနဲ့ တစ်ဖက်ယာဉ်ကြောကနေ ကျော်တက်ပြီးတော့ အရှေ့ရောက်မှ ကားခေါင်းကို ထိုးထည့်ပြီး နေရာယူ မောင်းနှင်နေတာ တွေ့ရတယ်။ ဒါကတော့ ယာဉ်မောင်းတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ဖို့ လိုသလို စိတ်ရှည်သည်းခံကြဖို့လည်း လိုအပ်ပါတယ်''ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး က'' ဒီလို စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်တွေကို စည်ပင် အက် ၂၆ ဥပဒေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သုံးခုမှာ စီမံချက် ဒဏ်ငွေရိုက်ပြီးတော့ အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ယာဉ်မောင်းတွေက လိုက်နာမှုတွေမရှိတဲ့အတွက် အခုယာဉ်ထိန်း တရားရုံးက အောက်တိုဘာ ၁ ရက်ကစပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး အရေးယူသွားပါမယ်'' ဟု ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ် စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကျားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည်အတင်အချလုပ်ခြင်း၊ တံခါးဖွင့်မောင်းနှင်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။


Photo: ။

.. www.MyanmarExpress.net
 

Posted by Unknown on Thursday, October 3, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive