Photo: နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည် =================================  မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။  ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။  “ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”  နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစားထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။  လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။  ဝန်ကြီး ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်   By : RFA
မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။

“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”

နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစားထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်


By : RFA

Posted by Unknown on Tuesday, September 17, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive