စက်တင်ဘာ၂၇ရက်တွင်ကျရောက်မည့်NLDပါတီ၏၂၅နှစ်မြောက်ငွေရတုပွဲပြီးနောက်တွင်လည်းပါတီအနေနှင့်ရှေ့ဆက်ရမည့်ခရီးလမ်းမှာကြမ်းတမ်းဆဲဖြစ်သည်ဟုNLDပါတီ၏နာယကဦးတင်ဦးကTheDailyEleven သို့ပြောကြားသည်။NLDပါတီ၏ငွေရတုပွဲကိုယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်အောင်လုပ်ဆောင်သွားမည်ဖြစ်သည်ဟုဦးတင်ဦးကဆက်လက်ပြောကြားသည်။ဦးတင်ဦးကMRTV4ကNLDပါတီအားကူညီရန်မေတ္တာရပ်ခံခဲ့သောကြောင့်ငွေရတုပွဲကျင်းပစဉ်အတွင်းပြင်ပမှပရိသတ်များတွေ့မြင်ခွင့်ရအောင်စီစဉ်မည်ဟုလည်း ပြောကြားသည်။

NLD ပါတီကို ၁၉၈၈၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ၈၈ အရေးတော်ပုံမှ မွေးဖွားလာသည့် ပါတီတစ်ခုအဖြစ် ပြည်သူအားလုံးက အသိအမှတ် ပြုထားသည်။ မြို့နယ်နှင့် ပြည်နယ်ရုံးများတွင်လည်း ငွေရတု အထိမ်းအမှတ်ပွဲ ပြုလုပ်ကြရန် တိုက်တွန်းထားပြီး ငွေရတု သ၀ဏ်လွှာ ဖတ်ကြားလိုပါက NLD ပါတီရုံးချုပ်သို့ ဆက်သွယ်ရန်လည်း ဖိတ်ခေါ်ထားသည်။ NLD ပါတီ၏ ငွေရတုပွဲအတွက် အမှတ်တရ စာစောင်အဖြစ် လူငယ်အဖွဲ့များက ဦးဆောင်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ဝေမည်ဟု သိရသည်။ NLD ပါတီ၏ သက်တမ်း ငွေရတုတိုင်ခဲ့သည့်အပေါ် နာယက ဦးတင်ဦးက "အခုအချိန်အထိ အသက်ရှူ မချောင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘုတ်တွေပေါ်မှာ ဆန့်ကျင်ရေးသား နေကြတုန်းပဲ။ အဲဒီလူတွေ နားလည်လာအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ နောက်ပြီး ရခိုင်ကိစ္စပေါ့နော်။ ရခိုင်တွေက နည်းနည်းလူမျိုးရေး ပြင်းထန်တော့လေ။ အခုကိစ္စမှာ NLD ရဲ့ ရပ်တည်မှုက ပျော့တယ် ဘာညာ ပြောကြတယ်။
 NLDပါတီအနေနဲ့ လူ့အခွင့်အရေး၊ဒီမိုကရေစီရေး၊တရားဥပဒေ စိုးမိုးရေး စတာတွေနဲ့ ရပ်တည်တာဆိုတော့ လူ့အခွင့်အရေး အခြေခံပေါ်မှာ မျှမျှတတဖြစ်အောင် စဉ်းစားရတယ်။ သို့သော် ဥပဒေမဲ့ ၀င်လာတဲ့ အခါကျတော့ အဲဒါကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမည် ဆိုတာကို နားလည်လာအောင် လုပ်ဖို့လည်း ရှိတယ်။ ကောလာဟလတွေက ဘက်နှစ်ဖက်စလုံးကနေ ထွက်နေတော့ ပဋိပက္ခတွေ ဖြစ်ကြရတယ်။ အရင်၂၅ နှစ်ကတော့ တော်တော့်ကို ကြမ်းကြမ်းတမ်းတမ်း ရပ်တည်ခဲ့ရတယ်။ ပါတီဝင်တွေ အဖမ်းခံရတယ်။ တချို့တွေ အသက်ပေးသွားတယ်။ တချို့ဘ၀တွေ ပျက်သွားတယ်" ဟု ပြောကြားသည်။ NLD ပါတီကို ၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းကာ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သော်လည်း ထိုစဉ်က အာဏာသိမ်းထားသည့် စစ်အာဏာရှင်များက အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ 
ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီဝင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ပါတီရုံးများကို ပိတ်ပစ်ခြင်း၊ ပါတီရုံးချုပ်အတွင်း အကြိမ်ကြိမ် ၀င်ရောက်စီးနင်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၀ တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအား NLD ပါတီက သပိတ်မှောက်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် ခဲ့ပြီးနောက်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက်၂၀၁၂ဧပြီလတွင်ကျင်းပသည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။NLD ပါတီ၏ ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဟူ၍ ကြွေးကြော်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ် ၄၁ ဦး အနိုင်ရရှိခဲ့သည်။ 
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်စက်တင်ဘာလမှစတင်ကာအခြေခံဥပဒေပြင်ဆင်ရန်အတွက်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းကာတိုင်းရင်းသားအဖွဲ့များနှင့်စနေနေ့တိုင်းတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ NLDပါတီ၏(၂၅) နှစ်မြောက်ခဲ့ပြီး နောက်ပါတီ၏ ရပ်တည်ချက် အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှ ဦးထွန်းထွန်းဟိန်က "အမျိုးသားဒီမိုကရေစီ အဖွဲ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ကန့်ကွက်တယ်။ အဲဒီအမြင်ကို အခုထိ မပြောင်းလဲပါဘူး။ ဒါကတော့ ကျွန်တော်တို့ အစဉ်တစိုက် လုပ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
 Eleven Media Group

Posted by Unknown on Saturday, September 21, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive