From : .... www.MyanmarExpress.net


ကျဆုံးသူ အရာရှိအမည် ။ ဗိုလ်ဇော်မျိုးထက် ( DSA 52)
တပ်အမည် ။ ။ ခလရ ၁၃၇ ( မချမ်းဘော )
ခြုံခိုတိုက်ခံရသည့် ရက်စွဲ ။ ၂၈ . ၈ .၂၀၁၃
အလောင်း ရှာတွေ့ သည့် စစ်ကူတပ် ။ ခလရ ၁၃၈ ( မူလာရှီးဒီ )
ခြုံခို တိုက်ခံရသည့် နေရာ ။ အင်ဂျန်ဘောက် ၊ မချမ်းဘော မြို့ အနီး ။
ပူတာအိုခရိုင် ။ကောင်လေးက လူတော်လေးပါ၊ သူ့အဖေက ယာဉ်မောင်းပါ၊
 ကြိုးစားပြီး အရာရှိ ဖြစ်လာတာပါ၊
 သူ့ညီမလေးက လည်းဒီနှစ် (၁၀)တန်းအောင်ပြီး ဆေးကျောင်း တက်နေပါတယ်၊
 အရမ်း ၀မ်းနည်းစရာ ကောင်းပါတယ်..

- လူ့အခွင့်အရေးဆိုသည်မှာ အစိုးရ၀န်ထမ်းများနှင့် စစ်သားများအတွက်မပါ..
- တပ်မတော်သားများ ရက်စက်စွာ အသတ်ခံရသော်လည်း ပြည်တွင်းစစ်
ချက်ချင်းရပ်ဆိုသူများ မည်သော အခါမျှ ဆန္ဒမပြကြ...
(ဘယ်ပြမလဲ ဟိုကို ဆန္ဒပြတော့ ဘယ်သူက၊ ဘယ်ကွန်ယက်က၊ 
ဘယ် NGO က ထောက်ပံ့မလဲ၊ ဘယ်က အညတရ သူရဲကောင်းဆု ဘာညာသာရကာတွေ ပေးမလဲ.....)

- အစိုးရလူကြီးမင်းများ အနည်းငယ်မှားလျှင် (သို့) မှားသည်ဟု မီဒီယာမှ
 နားစွန်နားဖျားကြားရလျှင်ပင် ပက်ကနဲ ထေ့၊ ရိ၊ သရော်လေ့ရှိသော
 ေ
ရွှဥာဏ်တော်စူးရောက်သည့် အတိုက်အခံဝါဒီများ စစ်သားများ အသက်ဆုံးရှုံးတိုင်း
 နှာစေးလျက်ရှိ..(ဘယ်သူတွေ မျက်စိတစ်ဖက်မှိတ်ထားလည်း တွေးကြည့်..)

- ပန်းရဲ့လမ်း၊ ငြိမ်းချမ်းရေးနှင်းဆီ ဘာညာသာရကာများ ပျောက်ချင်းမလှ ပျောက်လျက်ရှိ...
(အင်း.. တပ်က အလှူငွေမှ မထည့်ပဲပဲ..ပဲ..)
ခုလောလောဆယ် ဒီစာကို စိတ်တိုလို့ရေးတယ်.။
ကျွန်တော် ဒေါ်စုမွေးနေ့က ဆုတောင်းပေးဖူးတယ်၊
အတိုက်အခံထဲက သဘောကျတဲ့သူကို သဘောကျတယ်လို့ ပြောဖူးတယ်.၊
ယုတ်စွအဆုံး ဘယ်ပါတီက ဘယ်အချက်တွေကောင်းတယ်၊
ဘယ်အချက်တွေ လိုတယ်လို့ အပြုသဘောနဲ့တောင် ရေးဖူးတယ်.။
(နာမည်တပ်မပြောတော့ ..) ..။

ခင်ဗျားတို့ပြောနေတဲ့ Brain wash လုပ်ခံခဲ့ရပါတယ်ဆို စစ်သားတစ်ယောက်တောင်
အဲဒီလို ဆန့်ကျင်ဖက်က လူတော်တွေ၊ လူကောင်းတွေကို ချီးကျူးဖို့
သတ္တိမွေးနိုင်ရင်. ခင်ဗျားတို့တွေက ဘာစားပြီးကြီးလို့ ရှေ့တန်းမှာ
အသက်ဆုံးရှုံးတဲ့ စစ်သည်တော်ကို မျက်နှာလွှဲနိုင်ကြတာလဲ....။
ဘာကြောင့်မို့ သေပြီးတဲ့ ပုဂ္ဂိုလ်ကိုတောင် ပုတ်ခတ်နိုင်ကြသေးတာလဲ..။
စဉ်းစားဦး.။ ဘယ်သူက Brain wash လုပ်ခံထားရသလဲ???

ပူတာအို ခရိုင်အတွင်း ဖြစ်ပွားသော....
ခြုံခို တိုက်ခိုက်ခံရမှုတွင်.....
ဖမ်းဆီးရမိသော စစ်သုံ့ ပန်း အရာရှိအား ....
ကျန် သုံ့ ပန်း စစ်သည်များရှေ့ တွင် ...
ခေါင်းဖြတ် ဗိုက်ခွဲကာ ....
ဗိုက်ထဲသို့ ခေါင်းကို ထည့်ပြခဲ့ပြီး.....
သုံ့ ပန်း စစ်သည်အချို့ အားလည်း ...
သွေးအေးအေးဖြင့် ရက်စက်စွာ ပစ်သတ်ခဲ့သော....
ကေအိုင်အေ အဖွဲ့ အား....
အပြင်းအထန် ရှုံချပါသည်.....

တာဝန်ရှိသူများအား ....
စစ်စည်းကမ်းအရ ပြင်းထန်စွာ အရေးယူပေးရန်...
လေးနက်စွာ တောင်းဆိုပါသည်....

ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံရပြီး ကျဆုံးသွားသော....
အပတ်စဉ် ၅၂ မှ ညီလေး ဗိုလ်ဇော်မျိုးထက် ....
ကောင်းရာ သုဂတိ လားပါစေ...

ဆက်စပ်သတင်း
http://www.myanmarexpress.net/2013/09/kia-uwsa.html

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive