လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လွန်ခဲ့တဲ့အပတ်မှ သတိပေးထားသော်လည်း  facebook သုံးသူ မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အရေးမထား ပဲ Facebook များပေါ်တွင် တင်ချင်ရာ တင်လျှက်ရှိကာ ယုံချင်သလို ယုံနေကြဆဲဖြစ်ကြောင်း တွေ့ရသည်။

ယမနေ့ က Facebook စာမျက်နှာများတွင် အစိုးရဘာလုပ်လုပ် အပြစ်တင်သူများက ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းမှ ဝန်ထမ်းများကို မညှာမတာ ရေထဲလမ်းလျှောက်ခိုင်းပြီး ကိုယ်တိုင်တော့ လှေပေါ် တက်စီးကြောင်း၊ မျှော့တွယ်မှာကြောက်ကြောင်း၊ ရေနစ်မှာ ကြောက်ကြောင်း စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ ရေးချင်တာများရေးခဲ့ကြပြီး ယုံတဲ့သူများကလည်း ယုံကာ Comment များ ပေးခဲ့ကြသည်။  အမှန်မှာ ပြည်သူချစ်သည့် ဦးဥာဏ်ဝင်း သည် ဝန်ကြီးချုပ်တစ်ဦးဖြစ်သော်လည်း ပုဆိုးကို တိုအောင် 'မ' ပြီး ကိုယ်တိုင်ရေထဲဆင်း လမ်းလျှောက်သဖြင့် ပြည်သူများက ရေပြေင် နစ်သည်ခန့်မှန်းကာ အနီးနားမှ လှေတစ်စီးကို စွဲပြီး လှေပေါ် အတင်းတွန်းတင်ခဲ့သဖြင့် ပုဆိုးတိုတို ခြေထောက်စိုစိုဖြင့် လှေပေါ် ထိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

ဇီးကုန်းနယ်မှ ဦးညဏ်ဝင်းမှာ ကဇီးကုန်းမဲဆန္ဒနယ်မှဖြစ်ပြီး တောမြို့လေးက သူ ဗိုလ်ချုပ်ဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးဖြစ်သွားခြင်းကြောင့် ဒေသခံများက အလွန်ဂုဏ်ယူကြကြောင်း သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ကာလတွင် အမတ်အဖြစ် ပြိုင်မည့်အချိန်တွင် ဦးဥာဏ်ဝင်း၏ မဲဆန္ဒနယ်တွင် အခြားမည်သူမျှ မပြိုင်ရဲခြင်းကြောင့် လက်လျှော့ခဲ့ကြကြောင်း သိရသည်။ 

ဦးဥာဏ်ဝင်း စီးသော လှေမှာလည်း စနစ်တကျ သေချာ စီမံခိုင်းထားခြင်း မဟုတ်ပဲ ဖြစ်သလို စွဲထုတ်လာသည်ကို တွေ့ရပြီး လှေပေါ်မှ ဦးဥာဏ်ဝင်းမှာ ပုဆိုးတိုနေပြီး ခြေထောက် များ ရေစိုနေသည်ကို တွေ့ရသည်။ 

၎င်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရဆန့်ကျင်သူများ၊ အထူးသဖြင့် NLD ပါတီ ထောက်ခံသူအများအပြား က အသေအချာမသိသော ဓာတ်ပုံတစ်ပုံကို အကြောင်းပြုကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး နှင့် ဦးဥာဏ်ဝင်းကို မဲမပေးဖို့အထိ  facebook ပေါ်တွင် လိုရာစွဲကာ ပြောဆိုခဲ့ကြသည်။ 

ယခုလို ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ တင်ချင်ရာများကို လျှောက်တင်သူများထဲတွင် မီဒီယာ သမားများလည်း ပါဝင်ကြောင်း တွေ့ရပြီး ပြီးခဲ့သည့် လွှတ်တော် အစည်းအဝး ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများ နှင့် facebook များအနေဖြင့် မဟုတ်မမှန်ရေးသားသည်များကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် ယခုလို ပြောကြားခဲ့သည်။

"Facebook တွေက တင်ချင်တိုင်းတင်တာပဲ... ရေးချင်တိုင်း ရေးတာပဲ.. ယုံတဲ့လူကလည်း ယုံတာပဲ.. ဘာမှလည်း တားဆီးလို့မရဘူး.. မီဒီယာများအနေနဲ့ မဟုတ်မမှန်ရေးသားတာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ.. နောက်ဆုံးကျတော့ ဘယ်သူ့ကို ယုံရမှာလဲ.. မီဒီယာဆိုတာ သတင်းမှန်ပေးနေတာလား.. ကိုယ်ရေးချင်တာ ရေးနေတာလား.. မီဒီယာအချင်းချင်းဘယ်လိုပြန်ပြီးထိန်းမလဲ... ဘယ်လိုလုပ်မလဲ.. ဘယ်လိုစဉ်းစားလဲ... " 

ဟု ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ ပြောဆိုပြီး တစ်ပတ်အကြာ ယခုကဲ့သို့ တင်ချင်ရာတင်နေကြသဖြင့် မြန်မာပြည်သူအများစုမှာ ဒေါ်အောင်ဆန်းစုကြည် စကားကို ဂရုစိုက်လေ့မရှိဟု သုံးသပ်ရပြီး နားမထောင်သူအများစုမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို တင်ကာ "အမေစု အမေစု" ဟု ခေါ်ဆိုသူများဖြစ်ကြောင်းတွေ့ရသည်။ 
 
From:MEG

www.mmdailystar.com

Posted by Unknown on Thursday, September 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive