Photo: အတ္တနောမတိများ  ဖေမြင့် အသပြာ  ငါးရာက စသည့်  ပြဿနာ  စာနယ်ဇင်းကောင်စီ (ယာယီ)အား သမ္မတက ငွေသိန်း ၅၀၀ ပေးလိုက်သော ကိစ္စသည် စာနယ်ဇင်းလောက၌ ပြဿနာမီး မွှေးပေးသကဲ့သို့ ဖြစ်ခဲ့၏။ 	နိုင်ငံတော် သမ္မတ၏ စေတနာကို လေးစားပါ၏။ သို့သော်၊ လတ်တလော သက်ရောက်မှုကို ပြောခြင်း ဖြစ်ပါသည်။  	ကိုယ်တိုင်က စာနယ်ဇင်း ကောင်စီ (ယာယီ)တွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရာ ပြောရတာ အတော် ခွကျ၏။ သို့သော် မပြောမပြီးသဖြင့် ပြောရပေတော့မည်။ 	သည်တိုင်းပြည်မှာ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်မည် ဆိုသည့်အခါ စာနယ်ဇင်းသည် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့်ကိစ်္စ ဖြစ်လာသည်။ 	စတုတ်္ထ မဏ္ဍိုင်၊ 	စာနယ်ဇင်း လွတ်လပ်ခွင့်၊ 	မိမိ ထင်မြင်ချက်၊ ယုံကြည် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်။ 	အဲဒါတွေ မရှိဘဲ ဒီမိုကရေစီ မဖြစ်။ 	ထို့ကြောင့် အကူးအပြောင်းကိစ္စ စီမံရသူများက စာနယ်ဇင်း လွတ်လပ်ခွင့်ကိစ္စကို စဉ်းစားလာကြရသည်။ 	စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ပေးမှ တော်မည်။ အဲဒါမှ အရပ်က လက်ခံမည်။ က်္ဘာမှာလည်း အမြင် ကောင်းမည်။ သို့သော် အရမ်း အရမ်း လွတ်လပ်ခွင့်ပေးလျှင် အလွန်အကျွံ ဝေဖန်တာတွေ ရှိလာလိမ့်မည်။ အဲသလောက်တော့ ပေး၍ မဖြစ်။  	အသင့်အတင့် ကြည့်ကောင်းရုံပေး၊ တစ်ဖက်ကလည်း ထိန်း၊ အဲသလို လုပ်ရလိမ့်မည်။ 	အဲသည်တော့ ပေးတာကတော့ လွယ်သည်။ ထိန်းချုပ်သည့်အပိုင်း ဘယ်လို လုပ်မည်လဲ။ နဂိုမူလတုန်း ကလို နဂိုလူများကပဲ ထိန်းချုပ်လျှင်တော့ နဂိုအတိုင်းပဲ ဘာမှ မထူးခြားပါဘူး ပြောကြလိမ့်မည်။..... ထို့ကြောင့်၊ စဉ်းစားကြည့်သည့်အခါ နိုင်ငံတကာမှာတော့ စာနယ်ဇင်း ကောင်စီ ဆိုတာတွေ ရှိသည်။ အဲဒါမျိုး ဖွဲ့စည်းပေးပြီး ထိန်းချုပ်စေရသော် မကောင်းဘူးလား။ အဲသည်လို စဉ်းစားပြီး အဲသည်လို ကောင်စီမျိုးဖြစ်အောင် ကြိုးစား ပမ်းစား ဖွဲ့စည်းခဲ့တာ ဖြစ်သည်။  	ဒါကြောင့်လည်းပဲ စာနယ်ဇင်းကောင်စီ ဆိုတာ ပေါ်ပေါက်လာသည့်အခါ၊ သြော်၊ အစိုးရဖွဲ့သည့် အဖွဲ့ အစည်းပဲဟု ရှုမြင်ကာ ယုံကြည်သူ နည်းခဲ့သည်။ 	သို့သော်၊ စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းဆိုင်ရာ ဥပဒေ၊ သို့မဟုတ် လွတ်လပ်စွာ ရေးသားခွင့်ဆိုင်ရာ ဥပဒေတစ်ရပ် ဖြစ်ပေါ်ရေးနှင့် စပ်လျဉ်း၍ ပြန်ကြားရေးနှင့် အငြင်းပွားနေတာ၊ ပြဿနာ တက်နေတာတွေ မြင်ရသည့် အခါ၊ မဆိုးပါဘူးဟု သဘောထားပြီး အားပေး ထောက်ခံမှု များ ရှိလာခဲ့သည်။ 	ယခုတော့၊  	စာနယ်ဇင်းကောင်စီက ဒီမိုကရေစီ နိုင်ငံတော်အတွက် အားကောင်းခိုင်မာသော စတုတ်္ထမဏ္ဍိုင် ထူထောင်နိုင်ရေး အထောက်အကူပေးနိုင်မည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်ဖို့ အတွက် ၀ိုင်းဝန်း ကူညီကြပါ။ အောက်ခြေအဆင့်တွေချည်း လွှဲမထားဘဲ ထိပ်ဆုံး ပုဂ်္ဂိုလ်များ ကိုယ်တိုင်ကလည်း စဉ်းစားပေးကြပါ ဟူသော သဘောဖြင့် လွှတ်တော် ဥက္ကဋ္ဌများ (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ဆဲ၊ မတွေ့ဆုံရသေး) ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၊ စသည့် ပုဂ်္ဂိုလ်များနှင့် သွားရောက် တွေ့ဆုံကာ ရှင်းလင်း ပြောဆိုသည့် ကိစ်္စကို ဆောင်ရွက်တုန်း ငွေ ၅၀၀ ပြဿနာ ပေါ်ပေါက်လာသည်။ 	သမ်္မတကြီးအားလည်း အားနာပါကြောင်း ထပ်လောင်း ပြောဆိုလိုပါသည်။ 	တကယ်ဆိုလျှင်တော့ ငွေ ၅၀၀ အစား စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်သည့် (စတုတ္ထမဏ္ဍိုင် အားကောင်း ခိုင်မာရေးကို အထောက်အကူပြုမည့်) ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် ပေးပါမည်ဟုဆိုလျှင်၊ ထို့နောက် ဆိုသည့်အတိုင်းလည်း လုပ်ခဲ့လျှင် ၅၀၀ ထက်မက အဖိုးအနဂ္ဃထိုက်တန်ပါလိမ့်မည်။  	ယခုတော့၊ 	စာနယ်ဇင်းကောင်စီဝင် ပုဂ်္ဂိုလ်အချို့က သမ္မတကြီး၏ စေတနာကို လေးစားသောအားဖြင့် ထိုငွေကို မငြင်းပယ်ပါ။ သို့သော် နောင် စာနယ်ဇင်းကောင်စီ (အမြဲတမ်း) ပေါ်ပေါက်လာသည့်အခါ၊ လှုပ်ရှား လည်ပတ်နိုင်ရန်အတွက်  သိမ်းဆည်းထားရှိမည်ဟု အကြံပြု ပြောဆိုနေကြတာ ရှိပါသည်။ 	ထိုအကြံပြုချက်သည် သင့်သည်ဟု ကျွန်တော်လည်း မြင်ပါသည်။  	သို့သော်၊ ကျွန်တော်တို့ စာနယ်ဇင်းသမားများသို့ ဖြည့်စွက် ပြောဆိုချင်တာက၊ 	ဒီမိုကရေစီ ကူးပြောင်းရေးတွင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် မရှိမဖြစ် ပစ်္စည်းဖြစ်သည်။ 	စာနယ်ဇင်းသမားများသည် လွတ်လပ်ခွင့်ရှိရမည်။ သို့သော် မိမိ ကျင့်သုံး ဆောင်ရွက်သည့် ကိစ်္စများအတွက် တာဝန်ယူမှုလည်း ရှိရလိမ့်မည်။ ထို့အတွက် စာနယ်ဇင်း လောကတွင် တစ်ဖက်က စာနယ်ဇင်းသမား၏ အကျိုး စီးပွားကို ကာကွယ်သကဲ့သို့ အခြား တစ်ဖက်ကလည်း စာနယ်ဇင်း အရည်အသွေး မြင့်မားရေးနှင့် စာနယ်ဇင်း ကျင့်ဝတ် ထိန်းသိမ်းရေးကို အားပေးမြှင့်တင်မည့် စာနယ်ဇင်း အသင်းအဖွဲ့များ ရှိရလိမ့်မည်။ ထို့ပြင် စာနယ်ဇင်းသမား အချင်းချင်း လည်းကောင်း၊ စာနယ်ဇင်းနှင့် အခြားသော ပြည်သူများအကြား ပြဿနာများ အငြင်းပွားမှုများ ရှိခဲ့သော် ညှိနှိုင်း အဖြေရှာပေးမည့် စာနယ်ဇင်းကောင်စီကဲ့သို့သော အဖွဲ့အစည်းမျိုးလည်း ရှိရလိမ့်မည်။  	အဲသည်အတွက် စာနယ်ဇင်းသမားများ အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ကျရောက်ပြီဟု မြင်ပါသည်။ 	စာနယ်ဇင်းကောင်စီကို ယခု ဝေဖန် ပြစ်တင်နေကြ သည်။  	အပြစ်မတင်နှင့်ဟု မဆိုပါ။ 	သို့သော်၊ ဒါသည် ယာယီသာ ဖြစ်သည်။ စပ်ကူးမပ်ကူး ကာလ အဖွဲ့အစည်းသာ ဖြစ်သည်။ အမြဲတမ်း ကောင်စီ မဟုတ်သေး။  	ထို့ကြောင့်၊ ပို၍ အရေးကြီးတာက၊  	စာနယ်ဇင်းသမား အများစုကို အမှန်တကယ် ကိုယ်စားပြုသော၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သော၊ ငွေကြေးသြဇာ နိုင်ငံရေးသြဇာတို့မှ ကင်းလွတ်၍ သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်သော အမြဲတမ်း ကောင်စီတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်ဟု ဆိုချင်သည်။ 	အဲဒါကို ဘယ်လို ဖွဲ့စည်းကြမည်လဲ စဉ်းစားကြံဆ သင့်သည်။ 	ယခု ကြားကာလတွင် အသပြာရာထုပ်ကြောင့် အငြင်းအခုံဖြစ်ရင်း အချိန်ကုန် လူပန်းမခံဘဲ လုပ်သင့်သည့် အရာကို မြန်ဆန်စွာ လုပ်ဖြစ်အောင် အားထုတ်သင့်ပါ ကြောင်း အကြံပြုအပ်ပါသည်။		                 ၅၊ ၉၊ ၂၀၁၃

အသပြာ ငါးရာက စသည့် ပြဿနာ
စာနယ်ဇင်းကောင်စီ (ယာယီ)အား သမ္မတက ငွေသိန်း ၅၀၀ ပေးလိုက်သော ကိစ္စသည် စာနယ်ဇင်းလောက၌ ပြဿနာမီး မွှေးပေးသကဲ့သို့ ဖြစ်ခဲ့၏။
နိုင်ငံတော် သမ္မတ၏ စေတနာကို လေးစားပါ၏။ သို့သော်၊ လတ်တလော သက်ရောက်မှုကို ပြောခြင်း ဖြစ်ပါသည်။
ကိုယ်တိုင်က စာနယ်ဇင်း ကောင်စီ (ယာယီ)တွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရာ ပြောရတာ အတော် ခွကျ၏။ သို့သော် မပြောမပြီးသဖြင့် ပြောရပေတော့မည်။
သည်တိုင်းပြည်မှာ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်မည် ဆိုသည့်အခါ စာနယ်ဇင်းသည် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့်ကိစ်္စ ဖြစ်လာသည်။
စတုတ်္ထ မဏ္ဍိုင်၊
စာနယ်ဇင်း လွတ်လပ်ခွင့်၊
မိမိ ထင်မြင်ချက်၊ ယုံကြည် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်။
အဲဒါတွေ မရှိဘဲ ဒီမိုကရေစီ မဖြစ်။
ထို့ကြောင့် အကူးအပြောင်းကိစ္စ စီမံရသူများက စာနယ်ဇင်း လွတ်လပ်ခွင့်ကိစ္စကို စဉ်းစားလာကြရသည်။
စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ပေးမှ တော်မည်။ အဲဒါမှ အရပ်က လက်ခံမည်။ က်္ဘာမှာလည်း အမြင် ကောင်းမည်။ သို့သော် အရမ်း အရမ်း လွတ်လပ်ခွင့်ပေးလျှင် အလွန်အကျွံ ဝေဖန်တာတွေ ရှိလာလိမ့်မည်။ အဲသလောက်တော့ ပေး၍ မဖြစ်။
အသင့်အတင့် ကြည့်ကောင်းရုံပေး၊ တစ်ဖက်ကလည်း ထိန်း၊ အဲသလို လုပ်ရလိမ့်မည်။
အဲသည်တော့ ပေးတာကတော့ လွယ်သည်။ ထိန်းချုပ်သည့်အပိုင်း ဘယ်လို လုပ်မည်လဲ။ နဂိုမူလတုန်း ကလို နဂိုလူများကပဲ ထိန်းချုပ်လျှင်တော့ နဂိုအတိုင်းပဲ ဘာမှ မထူးခြားပါဘူး ပြောကြလိမ့်မည်။..... ထို့ကြောင့်၊ စဉ်းစားကြည့်သည့်အခါ နိုင်ငံတကာမှာတော့ စာနယ်ဇင်း ကောင်စီ ဆိုတာတွေ ရှိသည်။ အဲဒါမျိုး ဖွဲ့စည်းပေးပြီး ထိန်းချုပ်စေရသော် မကောင်းဘူးလား။ အဲသည်လို စဉ်းစားပြီး အဲသည်လို ကောင်စီမျိုးဖြစ်အောင် ကြိုးစား ပမ်းစား ဖွဲ့စည်းခဲ့တာ ဖြစ်သည်။
ဒါကြောင့်လည်းပဲ စာနယ်ဇင်းကောင်စီ ဆိုတာ ပေါ်ပေါက်လာသည့်အခါ၊ သြော်၊ အစိုးရဖွဲ့သည့် အဖွဲ့ အစည်းပဲဟု ရှုမြင်ကာ ယုံကြည်သူ နည်းခဲ့သည်။
သို့သော်၊ စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းဆိုင်ရာ ဥပဒေ၊ သို့မဟုတ် လွတ်လပ်စွာ ရေးသားခွင့်ဆိုင်ရာ ဥပဒေတစ်ရပ် ဖြစ်ပေါ်ရေးနှင့် စပ်လျဉ်း၍ ပြန်ကြားရေးနှင့် အငြင်းပွားနေတာ၊ ပြဿနာ တက်နေတာတွေ မြင်ရသည့် အခါ၊ မဆိုးပါဘူးဟု သဘောထားပြီး အားပေး ထောက်ခံမှု များ ရှိလာခဲ့သည်။
ယခုတော့၊
စာနယ်ဇင်းကောင်စီက ဒီမိုကရေစီ နိုင်ငံတော်အတွက် အားကောင်းခိုင်မာသော စတုတ်္ထမဏ္ဍိုင် ထူထောင်နိုင်ရေး အထောက်အကူပေးနိုင်မည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်ဖို့ အတွက် ၀ိုင်းဝန်း ကူညီကြပါ။ အောက်ခြေအဆင့်တွေချည်း လွှဲမထားဘဲ ထိပ်ဆုံး ပုဂ်္ဂိုလ်များ ကိုယ်တိုင်ကလည်း စဉ်းစားပေးကြပါ ဟူသော သဘောဖြင့် လွှတ်တော် ဥက္ကဋ္ဌများ (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ဆဲ၊ မတွေ့ဆုံရသေး) ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၊ စသည့် ပုဂ်္ဂိုလ်များနှင့် သွားရောက် တွေ့ဆုံကာ ရှင်းလင်း ပြောဆိုသည့် ကိစ်္စကို ဆောင်ရွက်တုန်း ငွေ ၅၀၀ ပြဿနာ ပေါ်ပေါက်လာသည်။
သမ်္မတကြီးအားလည်း အားနာပါကြောင်း ထပ်လောင်း ပြောဆိုလိုပါသည်။
တကယ်ဆိုလျှင်တော့ ငွေ ၅၀၀ အစား စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်သည့် (စတုတ္ထမဏ္ဍိုင် အားကောင်း ခိုင်မာရေးကို အထောက်အကူပြုမည့်) ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် ပေးပါမည်ဟုဆိုလျှင်၊ ထို့နောက် ဆိုသည့်အတိုင်းလည်း လုပ်ခဲ့လျှင် ၅၀၀ ထက်မက အဖိုးအနဂ္ဃထိုက်တန်ပါလိမ့်မည်။
ယခုတော့၊
စာနယ်ဇင်းကောင်စီဝင် ပုဂ်္ဂိုလ်အချို့က သမ္မတကြီး၏ စေတနာကို လေးစားသောအားဖြင့် ထိုငွေကို မငြင်းပယ်ပါ။ သို့သော် နောင် စာနယ်ဇင်းကောင်စီ (အမြဲတမ်း) ပေါ်ပေါက်လာသည့်အခါ၊ လှုပ်ရှား လည်ပတ်နိုင်ရန်အတွက် သိမ်းဆည်းထားရှိမည်ဟု အကြံပြု ပြောဆိုနေကြတာ ရှိပါသည်။
ထိုအကြံပြုချက်သည် သင့်သည်ဟု ကျွန်တော်လည်း မြင်ပါသည်။
သို့သော်၊ ကျွန်တော်တို့ စာနယ်ဇင်းသမားများသို့ ဖြည့်စွက် ပြောဆိုချင်တာက၊
ဒီမိုကရေစီ ကူးပြောင်းရေးတွင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် မရှိမဖြစ် ပစ်္စည်းဖြစ်သည်။
စာနယ်ဇင်းသမားများသည် လွတ်လပ်ခွင့်ရှိရမည်။ သို့သော် မိမိ ကျင့်သုံး ဆောင်ရွက်သည့် ကိစ်္စများအတွက် တာဝန်ယူမှုလည်း ရှိရလိမ့်မည်။ ထို့အတွက် စာနယ်ဇင်း လောကတွင် တစ်ဖက်က စာနယ်ဇင်းသမား၏ အကျိုး စီးပွားကို ကာကွယ်သကဲ့သို့ အခြား တစ်ဖက်ကလည်း စာနယ်ဇင်း အရည်အသွေး မြင့်မားရေးနှင့် စာနယ်ဇင်း ကျင့်ဝတ် ထိန်းသိမ်းရေးကို အားပေးမြှင့်တင်မည့် စာနယ်ဇင်း အသင်းအဖွဲ့များ ရှိရလိမ့်မည်။ ထို့ပြင် စာနယ်ဇင်းသမား အချင်းချင်း လည်းကောင်း၊ စာနယ်ဇင်းနှင့် အခြားသော ပြည်သူများအကြား ပြဿနာများ အငြင်းပွားမှုများ ရှိခဲ့သော် ညှိနှိုင်း အဖြေရှာပေးမည့် စာနယ်ဇင်းကောင်စီကဲ့သို့သော အဖွဲ့အစည်းမျိုးလည်း ရှိရလိမ့်မည်။
အဲသည်အတွက် စာနယ်ဇင်းသမားများ အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ကျရောက်ပြီဟု မြင်ပါသည်။
စာနယ်ဇင်းကောင်စီကို ယခု ဝေဖန် ပြစ်တင်နေကြ သည်။
အပြစ်မတင်နှင့်ဟု မဆိုပါ။
သို့သော်၊ ဒါသည် ယာယီသာ ဖြစ်သည်။ စပ်ကူးမပ်ကူး ကာလ အဖွဲ့အစည်းသာ ဖြစ်သည်။ အမြဲတမ်း ကောင်စီ မဟုတ်သေး။
ထို့ကြောင့်၊ ပို၍ အရေးကြီးတာက၊
စာနယ်ဇင်းသမား အများစုကို အမှန်တကယ် ကိုယ်စားပြုသော၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သော၊ ငွေကြေးသြဇာ နိုင်ငံရေးသြဇာတို့မှ ကင်းလွတ်၍ သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်သော အမြဲတမ်း ကောင်စီတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်ဟု ဆိုချင်သည်။
အဲဒါကို ဘယ်လို ဖွဲ့စည်းကြမည်လဲ စဉ်းစားကြံဆ သင့်သည်။
ယခု ကြားကာလတွင် အသပြာရာထုပ်ကြောင့် အငြင်းအခုံဖြစ်ရင်း အချိန်ကုန် လူပန်းမခံဘဲ လုပ်သင့်သည့် အရာကို မြန်ဆန်စွာ လုပ်ဖြစ်အောင် အားထုတ်သင့်ပါ ကြောင်း အကြံပြုအပ်ပါသည်။
 
 

Posted by Unknown on Friday, September 20, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive