From : ..YMG



ပြီး ခဲ့သည့် ဩဂုတ်က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျူရှင် များမှတ်ပုံတင်ထားခြင်းရှိ မရှိ စာရင်းကောက်ခံခြင်းမှာ ပြင်ပ ကျူရှင်ဆရာများကိုသာ ရည်ရွယ် ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာဝင်းအောင်က ပြောသည်။
ပြင်ပကျူရှင်ဆရာ၊ ဆရာမ တချို့မှာ မှတ်ပုံတင်ထားခြင်းမရှိ ဘဲ သင်ကြားနေခြင်းကြောင့် အ ဆိုပါကျူရှင်များအား မှတ်ပုံတင် ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်များရရှိစေရန် ရည် ရွယ်ပြီး ကျူရှင်စာရင်းကောက်ခံ စေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
ဒေသအတွင်းမှတ်ပုံတင်ထားခြင်းမရှိသည့်ကျူရှင်များ ရှိနေသည့်အတွက် ကျူရှင်များကို စာရင်းကောက်ခံရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တိုင်းပညာရေး မှူးရုံးမှတစ်ဆင့် ညွှန်ကြားလာ သည့်အတွက် ယခုနှစ်တွင် ကျူ ရှင်မှတ်ပုံတင်သူများ ယခင်နှစ် ထက်ဦးရေတိုးလာကြောင်း ထား ဝယ်မြို့နယ် ပညာရေးမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
''မနှစ်က ၄၂ဦးပဲတင်တယ်။ ဒီနှစ် ၅၅ဦးလာတင်ကြတယ်''ဟု ၎င်းက ပြောသည်။
ဩဂုတ် ၂ရရက်အထိ လျှောက်လွှာတင်ထားသူ ၅၅ဦး ကို တင်ပြပေးပြီးဖြစ်ပြီး နောက်ထပ် ကျူရှင်မှတ်ပုံတင်ရန် လျှောက်ထား သူများရှိလာပါက တိုင်းပညာရေး မှူရုံးထံမှ ညွှန်ကြားချက်တောင်း ခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
လတ်တလောတွင် ပုံမှန် ပညာသင်ကြားရေးကို မထိခိုက် စေရန်အတွက် တရားဝင်မှတ်ပုံ တင်ခွင့်မရှိသည့် ကျောင်းဆရာ၊ ဆရာမများကိုရော၊ ပြင်ပကျူရှင် များကိုပါ အရေးယူသွားရန် အစီ အစဉ်မရှိသေးသော်လည်း သင် ကြားရေးနှင့်ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အ ရေးယူသွားမည်ဖြစ်ကြောင်း လူ မှုရေးဝန်ကြီး ဒေါက်တာဝင်း အောင်က ပြောသည်။
ကျောင်းဆရာ၊ ဆရာမ များကို တိုးမြှင့်ခန့်ထားခြင်း၊ အရည် အသွေးပိုမိုကောင်းမွန်လာအောင် သင်တန်းပေးခြင်းနှင့် ၎င်းတို့၏ လစာများကို တိုးမြှင့်ပေးနိုင်မည် ဆိုလျှင် ကျူရှင်များအရေးယူ စရာမလိုဘဲ တဖြည်းဖြည်းကွယ် ပျောက်သွားနိုင်မည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာဝင်း အောင်က မှတ်ချက်ပြုသည်။
ဩဂုတ် ၁၄ရက်က ညွှန် ကြားစာပေးပို့ပြီးနောက်တွင် မှတ် ပုံတင်ထားခြင်းမရှိသည့် ပြင်ပ ကျူရှင်တချို့နှင့် ကျောင်းကျူရှင် များ တစ်ပတ်ခန့်ပိတ်ထားခဲ့ကြပြီး လက်ရှိတွင် ပုံမှန်အတိုင်း ပြန် လည်သင်ကြားလျက်ရှိကြောင်း သိရသည်။


 .. www.MyanmarExpress.net

Posted by Unknown on Wednesday, September 4, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive