စက္ကန်တွေထိုးရပ်သွားတယ်
ရာစုနှစ်တွေမူမမှန်တောဘူး
အကုန်လုံးတစစီကြွေပွနေတာ
၂၁ ရာစုတဲ့လား။


၂၁ရာစုတဲ့လား
ချိုးသလား ခါးသလားမြည်းကြည်ချင်လိုက်တာ
အစားအစာကိုတဖက်တပြန်လှန်ထားတော
အစိမ်းစားတွေဖြစ်သွားပြီးလားလို့ အောက်မေ့ရသေး
အဲဒီထဲမှာမှ တချို့ကဒီမိုကရေစီတဲ့
ဆိုင်းဘိုးကြီးကြီးကိုင်ပြီးတောလုပ်စားနေတယ်။

လူတွေကိုစိတ်ဓါတ်ညံဖျင်းအောင်လုပ်နေကြတယ်။
လူမှုရေးတွေရောသမထားတဲ့အသိုင်းဝိုင်း
စိတ်ဓါတ်တွေဝတ်မှုံကူးနေကြတာ
ငါတို့တွေက ခြေရာမဆန့်သလိုပဲ
အဲဒါကို ကြီးသူငယ်ညှင်းလို့ပြောလိုက်သေးတယ်။ 

ဒီမိုကရေစီတွေ ခြေလှမ်းကျဲလိုက်တာ
လူသားတွေအတောင်မဲ့နေကြပြီး
စီးပွါးရေးတွေ တိုးတက်လာလိုက်တာ
လူသားတွေထမင်းငတ်ကုန်ကြပြီး
ဒါတွေကိုမျက်စိမှိတ်ထားပြီး
လုပ်စားနေတဲသူတွေကချမ်းသာနေကြတယ်။ 

ဒါကိုတော Globlization အရဖြစ်နေတာပါလို့
မျက်ကန်းယောင်ပြီးပြောရင်တော
သူတို့တွေရိုးသားပြလိုက်တာပဲဖြစ်မယ်။ 

Arakan Man

Posted by Unknown on Friday, September 13, 2013
categories: edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive