ယာဉ်ထိန်းရဲကို ကားနဲ့ ပြန်တိုက်... ရဲကို လက်ပြန်ကြိုးတုပ်ပြီး ပြန်ရိုက်တဲ့...
မြန်မာနိုင်ငံမှာ ဥပဒေ မလိုတော့ဘူးလား??

၁၉ ရက်နေ့ မနက် ၂ နာရီကျော်လောက် ဇဗ္ပူသီရိမြို့နယ် ၀ဲကြီးရွာမှာ လယ်ဆည်သိမ်းထားတဲ့မြေပေါ်ကို ၀င်ထွန်လို့ သူ့သက်ဆိုင်ရာက သူ ညှိနှိုင်းနေတယ်။
မရလို့ အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားတဲ့အတွက် ရဲက တာဝန်အရ ၀ရမ်းထုတ်ထားတဲ့ ရွာသား ခြောက်ဦးကို ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်များ ၀င်ဖမ်းပါတယ်... ဖမ်းပြီးတဲ့အချိန်မှာ မိသားစုဝင်တွေက သူခိုး၊ ဓါးပြလို့အော်တယ်။ တရားခံတစ်ယောက်ရဲ့မိန်းမက ကိုယ့်ထမီကိုယ်ချွတ်ပြီး မုဒိန်းကျင့်တယ်လို့ အော်တယ်။ ကုန်းကိုက်တယ်။ လူ ၃၀၀ လောက်ဝိုင်းရိုက်ကြတယ်။ တစ်ချို့ကို ကြိုးတုတ်ပြီးရိုက်ကြတယ်...

ရဲတွေနဲ့ ရွာသားပဋိပက္ခဖြစ်ပြီး ရွာသားတွေက ရဲငါးယောက်ကို ဖမ်းချုပ်လိုက်ပါတယ်။ ရွာပြင်မှာ သေနတ်တွေနဲ့ လုံခြုံရေး စောင့်နေတဲ့ရဲတွေကို ရွာသားတွေက "မင်းတို့ရဲတွေကို ပြည်သူတွေ ၀ိုင်းထားတယ်။ လက်နက်ချပါ" လို့ ပြောပြီး...
ဖမ်းထားတဲ့ ရဲတွေကို တိုင်မှာ လက်ပြန်ကြိုး တုပ်ကာ ထိုးကြိတ် ရိုက်နှက်ကာ
နိပ်စက် ခဲ့ကြတယ်။ သေနတ်ကိုင်ထားပြီး ပစ်ခွင့်မရတဲ့ ရဲအရာရှိတွေက ခြံစည်းရိုးတိုင်မှာ လက်ပြန်ကြိုး အတုပ်ခံထားရတဲ့ အရိုက်အနှက်ခံ ထားရတဲ့ ရဲတွေကိုကြည့်ပြီး စိတ် မကောင်း ဖြစ်ကာ ငိုခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့ပြီး။ ထိုသို့ ဖမ်းဆီးထားသော
ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက် ကယ်တင်ခဲ့ရတယ်...

ရဲတပ်ဖွဲ့ ဝင် ၇ ဦး ဆေးရုံ ရောက်ရှိပြီး... တစ်ဦး ဒဏ်ရာပြင်းထန်ကာ
အရေး ပေါ်ဌာန ကို ရောက်ရှိသွားပြီး
အခြေအနေ ကတော့ စိုးရိမ် ရပါတယ်...

ရဲတပ်ဖွဲ့ဝင်များရဲ့ ထိန်းထိန်း သိမ်းသိမ်း... လုပ်ဆောင် သွားမှုကြောင့် ပစ်ခတ်မှု
တစ်စုံတစ်ရာ...
မဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်..

အင်း.. ယာဉ်ထိန်းရဲကို ကားနဲ့ ပြန်တိုက်... ရဲတပ်ဖွဲ့ ၀င်တွေကိုတောင် လက်ပြန်ကြိုး
တုပ်ပြီး ဖမ်းစီး ရိုက်နှက်ကြတယ် ဆိုတော့... မြန်မာနိုင်ငံကြီးမှာ တရား
ဥပဒေစိုးမိုး မှု မလိုတာ့ဘူးလား လို့ တောင် တွေးမိပါရဲ့ဗျာ..



From: Thway Thit Sar

www.mmdailystar.com

Posted by Unknown on Friday, September 20, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive