Photo: (၁၂)  ၂၅.၀၉.၁၃  ၇။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။   အင်မတန်မှ စည်းမဲ့ကမ်းမဲ့နိုင်လှတဲ့ ပြည်သူတွေနဲ့ အစိုးရရှိတဲ့နိုင်ငံမှာ ဒီလိုစကားလုံးကြီးကို ထည့်ထားတော့ နိုင်ငံတကာ ဖွဲ့စည်းပုံဥပဒေလေ့လာသူ၊ ကျွမ်းကျင်သူ ပညာရှင်များကတော့ ဟားဟားဟား လို့ ရယ်မှာပဲနော်။   မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ပြီးတော့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလားလို့ ထောက်ကြသူတွေလည်းရှိပါရဲ့။ ထပ်တူကူးလို့မှ မရပဲ။ စုပြီး တုပြီးရင် ကိုယ်ပိုင်ပြုရမယ်ဆိုတာကိုတော့ လက်ခံပါတယ်။   လူရယ်စရာကောင်းအောင်တော့ မလုပ်နဲ့ပေါ့။  ၁၀။ နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ ပြည်နယ်များ ပြည်ထောင်စု နယ်မြေများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်ဧ။် နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ။  ခွဲမထွက်ရ။  ခွဲမထွက်ရ။   ဒီတစ်လုံးအတွက် နှစ်ဖက်စလုံးမှာ ပေးခဲ့ရတဲ့အသက်ပေါင်း နှစ်ပေါင်း ၅၀ အတွင်းမှာ ဘယ်လောက်များရှိပါလိမ့်။ ကျခဲ့ရတဲ့မျက်ရည်တွေ၊ ပျက်ခဲ့ရတဲ့ ဘ၀တွေ။   ဒု ၀န်ကြီးဦးရဲထွဋ်ရဲ့ အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်လေသောအခါဆိုတဲ့ ဆောင်းပါးကို သတိရမိပါတယ်။ စစ်ပွဲတွေရှည်ကြာလို့ တောဖြစ်သွားတာ ရွာငယ်လေးမှ မဟုတ်တာ။ မြို့ကလေးလည်း မဟုတ်တဲ့ နိုင်ငံကြီးဖြစ်ကြောင်း နှစ်ဖက်လက်နက်ကိုင်များကို ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်။ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဖို့လိုနေပါတယ်။  ခွဲမထွက်ရ လို့ အမိန့်တစ်ခုထုတ်လိုက်ရင် ခွဲမထွက်တော့ဘူးတဲ့လား။  အမိန့်ထုတ်တဲ့နည်း၊ လိုက်နာအောင် ခြိမ်းခြောက်တဲ့နည်းထက် ပိုမိုကောင်းမွန် သက်သာတဲ့ နည်းလေးများ မရှိကြဘူးလား။ နှစ် ၅၀ အတွင်းရှာမတွေ့ဘူးတဲ့လား။  ဆရာအောင်ထွဋ်ရဲ့-------တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် စဉ်းစားသင့်သောမူဝါဒများ ဆောင်းပါးမှာ ဖော်ပြထားတာက -----  ယေဘူယျအားဖြင့် တိုင်းရင်းသားများထံတွင် လိုလားချက် သုံးမျိုးသုံးစားရှိသည့်အနက် သုံးမျိုးသုံးစားစလုံးဖြည့်ဆည်းပေးရန် လိုအပ်သည်ဖြစ်၍ ၎င်းတို့ဧ။် လိုလားချက်များကို သိရှိထားရန်လိုအပ်ပါသည်။   တိုင်းရင်းသားများဧ။် လိုလားချက်များကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်   (၁) ခေါင်းဆောင်ပိုင်းဧ။် ကိုယ်ကျိုးစီးပွားဆိုင်ရာလိုလားချက်များ (၂) နိုင်ငံရေးအရလည်းကောင်း၊ လူထုထောက်ခံမှုအတွက်သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း တောင်းဆိုရလေ့ရှိသည့် စာပေ၊ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာ အသိအမှတ်ပြုခံရမှုအတွက် လိုလားချက်များ (၃) ဒေသခံ( အခြေခံအကျဆုံး အလွှာအပါအ၀င်) ပြည်သူများဧ။် အလုပ်လုပ်ခွင့်၊ စီးပွားရေးအခွင့်အလမ်း၊ ဘ၀လုံခြုံမှုဆိုင်ရာလိုလားချက်များ စသည်ဖြင့်တွေ့ရပါမည်။   အဆိုပါ သုံးမျိုးသုံးစားလုံးကို ထင်ရှားစွာဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။   ထိုအမျိုးအစားသုံးမျိုးကို ထပ်မံခွဲခြားလျှင် အချက် ခုနှစ်ချက်ရရှိပါသည်။   (က) ခေါင်းဆောင်ပိုင်းဧ။် ကိုယ်ကျိုးစီးပွား (ခ) နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် (ဂ) တိုင်းရင်းသားစာပေသင်ကြားခွင့် (ဃ) တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စများ၊ ၎င်းတို့ကျေနပ်အောင် အချက်ပြ အလေးပြထားခြင်း။ (င) မရှိမဖြစ် လမ်း၊ တံတား၊ မီး (စ) ပြည့်စုံကုံလုံသော အခြေခံစီးပွားရေး အဆောက်အဦများ (ဆ) ဒေသခံပြည်သူတဦးချင်းစီဧ။် ကိုယ်ကျိုးစီးပွား  ဆရာပြောသွားတဲ့နည်းတွေက စစ်တိုက်တာထက်တော့ သက်သာမှာပါ။ နဲနဲတော့ လက်ဝင်မှာပေါ့လေ။ ခေါင်းစားတာ၊ ချွေးထွက်တာက သွေးထွက်တာလောက်တော့ မဆိုးဘူးမို့လား။   ………………….. ထင်ရာမြင်ရာများကို လွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါကြောင်း။အင်မတန်မှ စည်းမဲ့ကမ်းမဲ့နိုင်လှတဲ့ ပြည်သူတွေနဲ့ အစိုးရရှိတဲ့နိုင်ငံမှာ ဒီလိုစကားလုံးကြီးကို ထည့်ထားတော့ နိုင်ငံတကာ ဖွဲ့စည်းပုံဥပဒေလေ့လာသူ၊ ကျွမ်းကျင်သူ ပညာရှင်များကတော့ ဟားဟားဟား လို့ ရယ်မှာပဲနော်။

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ပြီးတော့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလားလို့ ထောက်ကြသူတွေလည်းရှိပါရဲ့။
ထပ်တူကူးလို့မှ မရပဲ။ စုပြီး တုပြီးရင် ကိုယ်ပိုင်ပြုရမယ်ဆိုတာကိုတော့ လက်ခံပါတယ်။

လူရယ်စရာကောင်းအောင်တော့ မလုပ်နဲ့ပေါ့။

၁၀။ နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ ပြည်နယ်များ ပြည်ထောင်စု နယ်မြေများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်ဧ။် နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ။

ခွဲမထွက်ရ။

ခွဲမထွက်ရ။

ဒီတစ်လုံးအတွက် နှစ်ဖက်စလုံးမှာ ပေးခဲ့ရတဲ့အသက်ပေါင်း နှစ်ပေါင်း ၅၀ အတွင်းမှာ ဘယ်လောက်များရှိပါလိမ့်။ ကျခဲ့ရတဲ့မျက်ရည်တွေ၊ ပျက်ခဲ့ရတဲ့ ဘ၀တွေ။

ဒု ၀န်ကြီးဦးရဲထွဋ်ရဲ့ အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်လေသောအခါဆိုတဲ့ ဆောင်းပါးကို သတိရမိပါတယ်။ စစ်ပွဲတွေရှည်ကြာလို့ တောဖြစ်သွားတာ ရွာငယ်လေးမှ မဟုတ်တာ။ မြို့ကလေးလည်း မဟုတ်တဲ့ နိုင်ငံကြီးဖြစ်ကြောင်း နှစ်ဖက်လက်နက်ကိုင်များကို ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်။ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဖို့လိုနေပါတယ်။

ခွဲမထွက်ရ လို့ အမိန့်တစ်ခုထုတ်လိုက်ရင် ခွဲမထွက်တော့ဘူးတဲ့လား။

အမိန့်ထုတ်တဲ့နည်း၊ လိုက်နာအောင် ခြိမ်းခြောက်တဲ့နည်းထက် ပိုမိုကောင်းမွန် သက်သာတဲ့ နည်းလေးများ မရှိကြဘူးလား။ နှစ် ၅၀ အတွင်းရှာမတွေ့ဘူးတဲ့လား။

ဆရာအောင်ထွဋ်ရဲ့-------တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် စဉ်းစားသင့်သောမူဝါဒများ ဆောင်းပါးမှာ ဖော်ပြထားတာက -----

ယေဘူယျအားဖြင့် တိုင်းရင်းသားများထံတွင် လိုလားချက် သုံးမျိုးသုံးစားရှိသည့်အနက် သုံးမျိုးသုံးစားစလုံးဖြည့်ဆည်းပေးရန် လိုအပ်သည်ဖြစ်၍ ၎င်းတို့ဧ။် လိုလားချက်များကို သိရှိထားရန်လိုအပ်ပါသည်။

တိုင်းရင်းသားများဧ။် လိုလားချက်များကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်

(၁) ခေါင်းဆောင်ပိုင်းဧ။် ကိုယ်ကျိုးစီးပွားဆိုင်ရာလိုလားချက်များ
(၂) နိုင်ငံရေးအရလည်းကောင်း၊ လူထုထောက်ခံမှုအတွက်သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း တောင်းဆိုရလေ့ရှိသည့် စာပေ၊ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာ အသိအမှတ်ပြုခံရမှုအတွက် လိုလားချက်များ
(၃) ဒေသခံ( အခြေခံအကျဆုံး အလွှာအပါအ၀င်) ပြည်သူများဧ။် အလုပ်လုပ်ခွင့်၊ စီးပွားရေးအခွင့်အလမ်း၊ ဘ၀လုံခြုံမှုဆိုင်ရာလိုလားချက်များ စသည်ဖြင့်တွေ့ရပါမည်။

အဆိုပါ သုံးမျိုးသုံးစားလုံးကို ထင်ရှားစွာဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။

ထိုအမျိုးအစားသုံးမျိုးကို ထပ်မံခွဲခြားလျှင် အချက် ခုနှစ်ချက်ရရှိပါသည်။

(က) ခေါင်းဆောင်ပိုင်းဧ။် ကိုယ်ကျိုးစီးပွား
(ခ) နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်
(ဂ) တိုင်းရင်းသားစာပေသင်ကြားခွင့်
(ဃ) တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စများ၊ ၎င်းတို့ကျေနပ်အောင် အချက်ပြ အလေးပြထားခြင်း။
(င) မရှိမဖြစ် လမ်း၊ တံတား၊ မီး
(စ) ပြည့်စုံကုံလုံသော အခြေခံစီးပွားရေး အဆောက်အဦများ
(ဆ) ဒေသခံပြည်သူတဦးချင်းစီဧ။် ကိုယ်ကျိုးစီးပွား

ဆရာပြောသွားတဲ့နည်းတွေက စစ်တိုက်တာထက်တော့ သက်သာမှာပါ။ နဲနဲတော့ လက်ဝင်မှာပေါ့လေ။ ခေါင်းစားတာ၊ ချွေးထွက်တာက သွေးထွက်တာလောက်တော့ မဆိုးဘူးမို့လား။

………………….. ထင်ရာမြင်ရာများကို လွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါကြောင်း။
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive