မကြာမီကာလအတွင်းမှာ ရခိုင်ပြည်နယ်ကို သမ္မတဦးသိန်းစိန် သွားရောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် မှာ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ ရခိုင်တိုင်းရင်းသားလူငယ်တွေ နဲ့ ရဟန်းသံ ဃာတွေ ပူးပေါင်းပြီး ဦးသိန်းစိန်ကို တစ်ခဲနက် ကြိုဆိုကြမှာ ဖြစ်ကြောင်း ရခိုင်လူငယ်များ ဝံသာနုအသင်းများက တစ်ဆင့် သိရှိရပါတယ်။

တစ်ချိန်တည်းမှာပဲ OIC ရုံးခွဲ ဖွင့်လှစ်မှုကိုလည်း သမ္မတဦးသိန်းစိန် ကြေညာထားတဲ့အတိုင်း လုံးဝဖွင့်လှစ်ခွင့် မပေးဖို့ အပြင်းအထန် တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို အစိုးရက တရားဝင် ထုတ်ဖော် ပြေကြားခြင်း မရှိသေးပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများကတော့ ကြိုတင်ပြင်ဆင်မှုတွေ အပြင်းအထန် ပြုလုပ်လျက် ရှိပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ထောက်ခံကြောင်း ထုတ်ဖော်ပြသ မှာ ဖြစ်သ လို နိုင်ငံတကာဖိအားပေးမှုတွေကြောင့် အလျှော့ပေးမှု လုံးဝ မပြုလုပ်ဖို့ လည်း တောင်း ဆိုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

"ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ရခိုင်ပြည်နယ်သားတွေ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ တွေ့ခဲ့တဲ့အချိန်မှာ ကိုယ့်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်နိုင် မယ့် ပြည်သူ့ စစ်တပ်ဖွဲ့တွေ  ဖွဲ့စည်းပေးဖို့၊ ပြည်နယ်အတွင်း အခြေခံအဆောက်အအုံတွေ တိုးမြှင့်တည် ဆောက်ပေးဖို့၊ အလုပ်အကိုင် များစွာ ရရှိနိုင်မယ့် စက်ရုံအလုပ် ရုံတွေ ထူထောင်ပေးဖို့၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ သမ္မတကြီး လာတဲ့အချိန်မှာလည်း သမ္မတကြီးရဲ့ မူဝါဒတွေကို ထောက်ခံကြောင့် ထုတ်ဖော်ပြသပြီး ကျွန်တော်တို့ရဲ့ တောင်းဆို မှုတွေ တောင်းဆို သွားမှာ ဖြစ်ပါတယ်" ဟု ဝံသာနုလူငယ်တစ်ဦးက ပြောကြားသည်။

ဦးဆောင် သံဃာတော်တစ်ဦးကလည်း "သမ္မတကြီး ရခိုင်ပြည်နယ်ကို လာမယ့် သတင်း ကြားတဲ့အတွက် ဘုန်းကြီးတို့ အရမ်းဝမ်းသာတယ်။ ဒီပြည်နယ် တစ်ပြည်နယ်လုံးဟာ သမ္မတကြီးရဲ့ အမျိုးသားရေးရပ် တည်ချက်တွေကို အပြည့်အဝ ထောက်ခံတယ်။ အခုခရီးစဉ်မှာလည်း သမ္မတကြီးကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ လူထုအားနဲ့ ကြိုဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ သမ္မတကြီးအနေနဲ့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ စိုးရိမ်မနေဘဲ အမျိုးသားရေးအတွက် ရဲရဲကြီး ရပ်တည်ပေးဖို့ ဘုန်းကြီးတို့ကိုယ်တိုင် သမ္မတကြီးရဲ့ နောက်မှာ၊ ဘုန်ကြီးတို့ တစ်ပြည်နယ်လုံး တစ်နိုင်ငံလုံး ရှိနေတယ် ဆိုတာ သိအောင် ပြသသွားမှာ ဖြစ်ပါတယ်" ဟု မိန့်သည်။

နစက ဖျက်သိမ်းပြီးတဲ့နောက်မှာ ခိုးဝင်ဘင်္ဂါလီတွေ ကိစ္စ ပြတ်ပြတ်သားသား ဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် လာရင် သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း အင်နဲ့အားနဲ့ ပြသသွားမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီကိစ္စတွေ ဆောင်ရွက်ရာမှာ အောက်ခြေအဖွဲ့အစည်းတွေအနေတဲ့ တွန့်ဆုတ်နေဟန် ရှိကြောင်း၊ ဒါကို ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း၊ တစ်နှစ်ကျော် ကြာသည်အထိ ဘယ်သူက နိုင်ငံသား၊ ဘယ်သူက ခိုးဝင်လာသူ ကွဲကွဲပြားပြား မသိရှိရသေးကြောင်း၊ မိမိတို့အနေနဲ့ စုံမှိတ်ပြီး ဆန့်ကျင်နေတာ မဟုတ်ကြောင်း၊ ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့် ရသူများလည်း ရှိနေမှာ ဖြစ်ကြောင်း၊ ဥပဒေနဲ့ မညီတဲ့သူတွေကိုတော့ နိုင်ငံသား ပေးလို့ ရမှာ မဟုတ်ကြောင်း ရဟန်းပျိုသမဂ္ဂမှ သံဃာတစ်ပါးက မိန့်သည်။

"ကျွန်တော် သမ္မတကြီးကို တစ်ခါမှ မတွေ့ဘူးပါဘူး။ အခု ဒီကိုလာမယ် ဆိုတော့ အရမ်းဝမ်းသာတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်ကြည့်ရှုတဲ့ အတွက် လိုအပ်ချက်တွေ၊ ဖြစ်ရပ်အမှန်တွေ ကိုယ်တိုင်နားလည်လာမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပဲ ပြောပြော ကျွန်တော်တို့တစ်အိမ်လုံးက သမ္မတကြီးဦးသိန်းစိန်ကို ထောက်ခံတယ်။ အခုလာတဲ့အခါ ကျွန်တော်တို့ မြို့ရောက်ရင် ကိုယ်တိုင် သွားကြိုမယ်။ သမ္မတကြီး ကျန်းမာနေဖို့ လိုတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ကာကွယ်ပေးနိုင်တာ သမ္မတကြီးပဲလို့ ကျွန်တော်ကတော့ လုံးဝ ယုံတယ်ဗျာ" ဟု စစ်တွေမြို့ခံ ကိုကျော်စံရွှေက ပြောကြားသည်။

သမ္မတဦးသိန်းစိန် လာရောက်မည့် သတင်းကြား၍ သံဃာများနှင့် တက်ကြွ လူငယ်များ ပူးပေါင်းကာ ကြိုဆိုမှုများ၊ ထောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်လျက် ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်သည် မကြာသေးခင်က လူ့အခွင့်အရေးကိုယ်စား လှယ် ကင်တားနား လာရောက်ခဲ့စဉ်က အမျိုးသမီးများအပါအဝင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်နယ် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အရေးအခင်းများ ဖြစ်ပေါ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လာရောက်စဉ် တရားမဝင် ခိုးဝင်လာသူများကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန် ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကို ပြင်ဆင်ရန် အကြောင်း မရှိ ဟု ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့သူ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝ မရှိဟု ကမ္ဘာသိ ထုတ်ဖော်ပြောကြား ထားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ OIC ရုံးခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခွင့် လုံးဝ ပြုမည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာထားပြီး နောက်ပိုင်းတွင် ဥပဒေစိုးမိုးရေးကို ပြတ်ပြတ် သားသား ဆောင်ရွက်ရန် ရဲတပ်ဖွဲ့အား အမိန့်ပေးထားခဲ့သည်။

သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် မည်သည့်ဒေသများသို့ သွားရောက်မည် မသိရှိရသေးသော်လည်း ဒုက္ခသည်စခန်းများသို့ သွားရောက် နိုင်ဖွယ်ရာ ရှိကြောင်း သိရှိရသည်။

From: (ရက္ခပူရ သတင်းစဉ်)

www.mmdailystar.com

Posted by Unknown on Monday, September 30, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive