ကမ္ဘာမှာ နံပါတ်တစ် နိုင်ငံမို့လို့ လူတိုင်းနီးပါး လာနေချင်တဲ့ Dream Country အဖြစ်နဲ့ ကောင်းတဲ့ အချက်လေးတွေကို အရင်ဆုံး ရေးမယ်။

ဒီမိုကရေစီဘိုးအေ နိုင်ငံကြီး ဖြစ်တဲ့အလျောက် ပြည်သူတွေကို စည်းမျဉ်း စည်းကမ်းဘောင်ထဲ ထည့်ထားတယ်။ ဥပဒေ ဘောင်ထဲမှာနေ .. ဘောင်ထဲမှာလုပ် .. ဘောင်ထဲမှာအော် .. ဘောင်ထဲမှာကဲ ... ဥပဒေ အပြင်တော့ ထွက်မလာနဲ့ .... သမ္မတ သားသမီးလည်း မရဘူး (No one is above the Law) အတိုင်း ဆွဲစိခံရမယ်မှတ်။

လူနေမှုဘဝ ရပ်တည်မှုအတွက် .. အလုပ်ကို အနည်းဆုံး Part-Time or Full-Time လောက်တော့ မဖြစ်မနေ လုပ်မှ ရပ်တည်လို့ ရနေအောင် လုပ်ထားတယ်။

ကျောင်းပညာရေးကို အားပေးတဲ့ အနေနဲ့ .. ပညာတတ် နဲ့ ပညာမတတ် အလုပ်လစာ ကွာဟမှု ... ခွဲခြားထားတယ်။

Tax ဆိုတဲ့ အခွန်အခကို မပေးမနေရ .. မပေးရင် မရအောင်ကို Social Security Number နဲ့ ထိန်းချုပ်ထားတယ်။ Single ဆိုရင် အခွန်ခ ပိုဆောင်ရတယ်။ Marriage ဆိုရင် နည်းနည်းလျော့တယ်။ Family နဲ့ဆိုရင် ပိုလျော့ပေးတယ်။

မကောင်းတဲ့ အချက်ကတော့ .. လူသားချင်း စာနတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူပျင်းးး လူဖျင်းတွေကို စောင့်ရှောက်မှု ပေးထားတယ်။

အလုပ်လက်မဲ့ Jobless တွေ ...
အိမ်ခြေမဲ့ Homeless တွေ ...
ဒုက္ခသည် Refugee တွေ
နိုင်ငံရေး ခိုလှုံခွင့် ယူထားရတဲ့ Asylum တွေကို ....

လစဉ် အစားအသောက် နေရေးထိုင်ရေး .. ကျန်းမာရေးအတွက် ထောက်ပံ့ကြေးငွေ ထုတ်ပေးတယ်။ Illegal Immigrant တွေ နိုင်ငံထဲ ခိုးဝင်ကြတယ်။ သားသမီးတွေ မွေးကြတယ်။ အစိုးရက မွေးစရိတ် ဆေးရုံစရိတ် အကုန်တာဝန်ခံတယ်။

ဒီတော့ .. အလုပ်မလုပ်ချင် .. အလုပ်မရှာချင်တဲ့ လူပျင်းတွေဟာ .. အစိုးရ လစဉ်ထောက်ပံ့ကြေးကို ပုံမှန် အလုပ်မလုပ်ဘဲ အိပ်ရင်း စားရင်း သောက်ရင်း မူးရင်း ရနေတဲ့အတွက် .. လမ်းပေါ်ထွက် အလုပ်ရှာဖို့ .. အလုပ်လုပ်ဖို့ စိတ်ကူး တဖြည်းဖြည်းနဲ့ ပျောက်လာတယ်။ နောက်ဆုံးတော့ ဘဝမှာ ဘာမှ သုံးစားလို့ မရတဲ့ လူဖျင်းတွေ ဘဝကို ရောက်မှန်းမသိ ရောက်ကုန်ကြရတယ်။

ဒီလို လူဖျင်းတွေ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ကို ဘယ်သူတွေက ပေးဆပ်နေရတာလဲ .. ? US Government ကပေးနေတယ် ထင်သလားးးး ?

ကျွန်မတို့လို အချိန်ပိုင်း အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့သူတွေ ..
အချိန်ပြည့် အလုပ်လုပ်နေရသူတွေ .....
အလုပ် (၂)ခု (၃)ခု လုပ်ပြီး ပိုက်ဆံရှာနေသူတွေ ...
တိုင်းပြည်ကို အခွန်ပေးဆောင်နေတဲ့ အခွန်ငွေတွေထဲကနေ ဒီငပျင်း ငဖျင်း အစိုးရထောက်ပံ့ကြေးကို ဇိမ်နဲ့ထိုင်စားပြီး ဇရပ်မင်း စည်းစိမ်ခံနေတာကို ကျွန်မတို့က ပေးကျွေးနေရတယ်။

အသက်(၆၅) နှစ်မှာ Retirement Plan ရဲ့ လစာကို ခံစားရမှာက နောက် .. အသက် (၆၅) နှစ် မပြည့်ခင်မှာ ... နွားလို အလုပ်တွေ ကုန်းရုန်းရှာပြီး ..
ဒီ $ ပျင်းတွေကို ထောက်ပံ့နေရတဲ့ ဘဝကို ကျွန်မ အခံပြင်းဆုံးပဲ။ ။ ။

ဘဝမှာ တစ်ခါမှ သူများပေးစာ ကမ်းစာကို မစားဖူးခဲ့လို့လား မသိဘူး။
သိပ်တင်းတယ်။ ။ ။ မခံစားနိုင်ဘူး .. ဒါပေမယ့်လည်း မတတ်နိုင်ဘူး ။
သူ့နိုင်ငံမှာနေရင် သူ့ဥပဒေအတိုင်း နေရမှာပဲ ..

ဒါကြောင့် ... ကိုယ့်နိုင်ငံကိုယ်ပြန်တယ်။ အခွန်လည်း အမေရိကားလောက် မပေးရဘူး။
ကိုယ်ရှာတဲ့ ပိုက်ဆံ .... ငဖျင်းတွေကို ပေးကျွေးစရာ မလိုဘူး။
သဒ္ဒါပေါက်ရင် အလှူလုပ်မယ် ... ပေးကမ်းချင်ရင် ကိုယ့်မိဘဆွေမျိုးကို ပေးမယ်။

အလုပ်မလုပ်ချင်တဲ့ ... အလုပ်ကို ကြိုးစားချင်စိတ် မရှိဘဲ ပျင်းးး ဖျင်းးး နေတဲ့ လူတွေကိုတော့ မပေးကမ်းနိုင်ဘူး .. မကျွေးနိင်ဘူး ...

ဒါကြောင့် ရွာပြန်တယ်။

"သမီးရှင်း"

Posted by Unknown on Tuesday, September 10, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive