From : ..rfa


mpc-discuss-305.JPG
 
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရ၊ KNU နဲ့ RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်း ဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Myint Oo 
 
လာမယ့် သီတင်းပတ်ထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဆွေးနွေး ပွဲတွေ အောင်မြင်မယ်ဆိုရင် လာမယ့်အောက်တိုဘာ လဆန်းပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တစ်ပြည်လုံးအတိုင်းအတဲာ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးု့ ဖြစ် နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNUဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSAို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲအြီး မှာ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောခဲ့တာပါ။
အခုလို ဆွေးနွေးပွဲမျိုးတွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လိာု့အတွက် အထောက်အကူပြုတယ်လို့ ဒီနေ့ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ RCSS/SSA အဖွဲ့က ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။
ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာဆိုရင် အစိုးရနဲ့ တိုင်းရင်းသားဘက်က နည်းပညာအကြံပေးအဖွဲ့တို့ ညှိနှိုင်းဖို့လိုအပ်တယ်၊ တဆင့်ပြီးတဆင့် ဘယ်လိုသွားကြမလဲဆိုတာ ညှိနှိုင်းဖို့လိုအပ်ပါတယ်၊ လုပ်ငန်းစဉ်အနေနဲ့တော့ အစိုးရကပြုလုပ်နေတဲ့ တစ်ပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျနော်တို့ အရင်ဆုံးညှိနှိုင်းနေတာဖြစ်ပါတယ်၊ သဘောတူညီချက်တွေရမှသာလျှင် ကျနော်တို့ ရှေ့ဆက်သွားလိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စနိုင်မှာဖြစ်တယ်
အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ လာမယ့်သတင်းပတ်ထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနာြးို့မှာ ဆွေးနွေးမယို့ သိရပါတယ်။
 
 
.. www.MyanmarExpress.net

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive