၃၀.၈.၂၀၁၃(သောကြာနေ့) ည၊ ၇ နာရီ ခွဲ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ လမ်းသွယ်(၄) လမ်းရှိ သပြေဆန်း ဂိမ်းဆိုင်ရှေ့တွင် ဖွင့်ထားသော အအေးဆိုင်တွင် မွတ်စလင်လူငယ်များ အုပ်စုဖွဲ့၍ မြန်မာတက္ကသိုလ် ကျောင်းသား နှစ်ဦးအား အအေးဆိုင်ထဲ ၀င်ရောက် ရိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မောင် ------ နှင့် သူငယ်ချင်း လေးယောက် စကားပြောနေစဉ် တစ်ခါမှ မမြင်ဖူး၊ မသိကျွမ်းဖူးသော မွတ်စလင် ၁၃ယောက် လောက်က မောင် --- -- နှင့် သူ့သူငယ်ချင်း မောင် --- -- တို့ကို မွတ်စလင် ၁၃ယောက် အုပ်စုလိုက် ၀င်ရိုက်သဖြင့် ဘေးပတ်ဝန်းကျင်မှ လူများဝိုင်းဆွဲ သဖြင့် ထို့လူများ ထွက်ပြေးသွားကြသည်။

သို့ဖြင့် အရိုက်ခံရသော ကျောင်းသားနှစ်ဦးသည် အမှုဖွင့် ရန် ဗိုလ်တထောင်ရဲစခန်း သို့သွားရာတွင် ရဲစခန်းတွင် မွတ်စလင်များ အပြည့်ဖြင့် ရောက်နှင့်နေသည်။ မွတ်စလင်များက ဗိုလ်တထောင်ရဲစခန်းမှ ရဲများကို တရားစွဲရန် အမှုလာဖွင့်သည် ဟုသိရသည်။

တရားစွဲရသည်အကြောင်းမှာ ကလေးနှစ်ဦးအား အုပ်စုလိုက် ၀င်ရိုက်မှုကို ဖြန်ဖြေရာတွင် ရဲများပါဝင် သည့်အပြင် ထိုအုပ်စုထဲမှာ မွတ်စလင် နှစ်ယောက်ကို ၀ိုင်းရိုက် လိုက်သည် ဆိုပြီး အမှုလာ ဖွင့်သည်ဟု သိရသည်။

ထို့သို ဘေးပတ်ဝန်းကျင်က လူများ ၀င်မဆွဲဘဲ အုပ်စုဖွဲ့ သောင်းကျန်းမှုကို မသိချင်ယောင် ဆောင်ပြီး လက်ရှောင်ထား လိုက်လျှင်လည်း ကလေးနှစ်ဦးကို အသက်အန္တာရာယ်ရှိသည်။

ယခုလက်ရှိ ဖြစ်နေသည်မှာ ရဲများက မွတ်စလင်များ၏ တရားစွဲမှုကို ခံထားရပြီး အရိုက်ခံရသည့် ကလေးနှစ် ဦး မှာ သက်သေဖြစ်နေသည်။ ကလေး နှစ်ယေက် ဖွင့်ထားသော အမှုမှာ လည်း ပျောက်နေသည်။

From: Myanmar News Now

www.mmdailystar.com

Posted by Unknown on Thursday, September 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive