From : ..YMG


နယူးယောက် ဘရွတ်က လင်းနယ်မြေဘရောင်းစ်ဗီးလ် ၌ အန်တက်ဟင်းနစ်ဆိုသူကလေး ၏မျက်နှာအား သေနတ်ဖြင့်ပစ် ခတ်မှုတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရဲမင်းကြီးရေမွန်ကေလီ က ကလေး၏ဖခင်အား ရည်ရွယ် ပစ်ခတ်မှုဖြစ်နိုင်သည်ဟုဆိုသည်။
ကလေး၏မိဘများ ကလေး အား ဆေးရုံသို့ပို့ပေးခဲ့ရာ ဆေး ရုံက မျက်နှာ၏လက်ဝဲဘက်ကို သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၃နှစ်ရှိ မျက် မြင်သက်သေဂီနာဂမ်ဘိုက နယူး ယောက်ပို့စ်သတင်းစာသို့ ပြော ကြားရာတွင် ''ကျွန်တော်သေ နတ်သံ သုံးလေးချက်ကြားလိုက် ရတယ်''ဟု ဆိုသည်။
''လမ်းလျှောက်နေတဲ့ လူ တစ်ဦးငိုကြွေးနေတာ တွေ့ရ တယ်။ ကျွန်တော့်ကလေးသေ နတ်ပစ်ခံရတယ်။ ကျွန်တော့် ကလေးသေနတ်ပစ်ခံရတယ်ဟု သွေးရူးသွေးတန်းငိုကြွေးနေ တယ်''ဟု ၎င်းက ဆိုသည်။
သေနတ်ဒဏ်ရာလေးခု လက်တွန်းလှည်း၌ တွေ့ရသည် ဟု ရဲမင်းကြီးကယ်လိုက သတင်း ထောက်များကို ပြောခဲ့သည်။
နယူးယောက်မြို့တော်ဝန် မီချယ်ဘလုပ်ဘတ်က ''ဒီကိစ္စဟာ တမင်တကာ ဒေါသနဲ့လုပ်တဲ့ လုပ် ရပ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒီပစ်ခတ်မှုဟာ သူ့မိသားစုအ တွက် ဝမ်းနည်းစရာဖြစ်သလို မြို့ တော်နဲ့ လူ့အဖွဲ့အစည်းအတွက်ပါ ဝမ်းနည်းစရာပါ''ဟု ပြောခဲ့သည်။
ကလေးက လူ့ဘဝမစရ ခင်မှာ ဘဝနိဂုံးချုပ်ခဲ့ရသည်ဟု လည်း ပြောခဲ့ကြသည်။ ဤဖြစ် ရပ်မှာ အမေရိကန်၌ ပထမဆုံး ဖြစ်ရပ်မဟုတ်ပေ။
သောကြာနေ့က အသက် ၁၈နှစ်ရှိ လူငယ်က ကလေးမိခင် တစ်ဦးထံမှ ပိုက်ဆံအိတ်ကို တောင်း ရာမပေး၍ ၁၃လသားကလေး အား သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။

Photo: နယူးယောက်တွင် လက်တွန်းလှည်းထဲမှကသေိရသည်။

.. www.MyanmarExpress.net

Posted by Unknown on Wednesday, September 4, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive