ခရစ်နှစ် ၁၈၉၈ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာ အက်ဥပဒေတွင် အမှုသည်များ သည် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟောမေဒင်ဖြစ်လျှင် မဟာမေဒင် တရားဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမည်ဟု ပြဌာန်းထားသော်လည်း အမှုသည်များသည် ဗုဒ္ဓဘာသာနှင့် မဟာမေဒင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူစသည်ဖြင့် ဖြစ်လာပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကိုကား မပါဝင်ခဲ့ပေ။

မြန်မာ့ဓလေ့ထုံးတမ်းနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများသည် လူမျိုးခြားများ၏ ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြားယောက်ျားနှင့် လက်ထပ်ထိမ်းမြားပြီး အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင်လင်မယားအဖြစ်သာ နားလည်ကြ သည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည်။ လင်သေမယား၊ မယားသေလင် အမွေဆက်ခံခွင့်သည် တရားတစ်ထုံးစွဲဆိုတောင်း ခံရသည့်အခွင်း အရေးမျိုးမဟုတ်ချေ။မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားရေးတွင် ဘာသာ အယူဝါဒ မတူညီမှု အတားအဆီး၊ လူမျိုးအနွယ် ဇာတ်မတူညီမှု အကန့်အသတ်၊ လက်ထပ်ထိမ်းမြားပွဲကို မင်္ဂလာအခမ်းအနားနှင့် ပြုလုပ်ရမည်ဟူသော သတ်မှတ်ချက်မရှိသဖြင့် လူမျိုးခြား ယောက်ျားများကို တရားဝင် လင်ယောက်ျားဟူ၍ပင် နားလည်ကြသည်။

သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် မြန်မာအမျိုးသမီးများသည် တရားဝင် လင်မယားဖြစ်ကြောင်းကိုပင် မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိကအခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏ အကူအညီကို ယူရသောအခါ ဘာသာခြား၊ လူမျိုးခြား၊ လင်ယောက်ျား၏ တရားဥပဒေအပေါ်မှာ လုံးဝတည်သွားတော့သည်။ ဘာသာခြား၊ လူမျိုးခြားယောက်ျား၏ တရားဥပဒေက ဤနည်းဤပုံဖြင့် လက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်မပြု။ လက်ထပ်ထိမ်းမြားလျှင် ဤနည်းလမ်း ဤစည်းကမ်းများကို မလိုက်နာပါက တရားမဝင်ဟု ပြဌာန်းထားလျှင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်နေမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိတော့ဘဲ လက်ထပ်ထိမ်းမြားခြင်း တရားမဝင်ဟုပင် ဆုံးဖြတ်ခံရသည်။

 ထိုအခါ နှစ်ဦးသား အကြင်လင်မယားအဖြစ် ပေါင်းသင်းကြစဉ်က မွေးဖွားလာသော သားသမီးများသည်ပင် တရားမဝင်သော သားသမီးများအဖြစ် မျက်နှာငယ်ဘဝရောက်ရလေတော့ သည်။ မြန်မာအမျိုးသမီးများ အနေနှင့် သားကိုသခင်၊ လင်ကိုဘုရားဟူသော အယူအဆ၊ အိမ်ဦးနတ်ဟူသော အတွေးအခေါ်များဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးခဲ့ရသည်များပင် အရာမထင်တော့ဘဲ အပျော်မယားအဆင့်အတန်း သို့ပင် ရောက်ခဲ့ရသည်။ မြန်မာ့ဓလေ့ ထုံးတမ်းအရ ဤသို့ကာမဂုဏ်ကိစ္စမျိုးတွင် “အပျော်” ဟူ၍ သတ်မှတ်ခံရခြင်းသည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသည်။

 ဤသို့သော အခြေအနေများကြောင့် ဘာသာခြား လူမျိုးခြား ယောက်ျားများနှင့် အိမ်ထောင် ဖက်မိ ရသော မြန်မာအမျိုးသမီး၏ အနာဂတ်ဘဝ အာမခံချက်များသည် ရေရေရာရာ မရှိတော့ဘဲ ရင်နင့်စဖွယ် အဖြစ်ဆိုးများသာ ကြုံတွေ့ခဲ့ရသည်။ ထိုသို့သော အဖြစ်ဆိုးများမှ ကင်းလွတ်စေ ရန် ရည်သန် လျက် အမျိုးစောင့်ဥပဒေကို မျိုးချစ်ဆရာတော်များနှင့် ဥပဒေကျွမ်းကျင် သူမျိုးချစ်ပြည်သူ များမှ ဖြစ်ပေါ်လာစေ ရန်၊ ပြဌာန်းပေးစေရန် ကြိုးစားဆောင်ရွတ်နေကြခြင်းဖြစ်၏။ မျိုးမချစ်၊ မျိုးမစစ်များကတော့ အခုထိ ကန့်လန့်တိုက်ဆဲဖြစ်သလို ဆက်လက်ပြီးတော့လည်း ကန့်လန့်တိုက်နေဦးမည်သာ ဖြစ်ပါတော့သည်။


(ဦးအေးချို-မဟာဝိဇ္ဇာ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Posted by Unknown on Tuesday, September 17, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive