From : .... New Myanmar News


 မြင့်မြတ်တဲ့နှလုံးသား
ရုပ်ရှင်ကားတော့ ကြည့်ဖူးတယ်။
ဝေလည်းမွှေး ကြွေလည်းမွှေး
ကျော်ဟိန်း သရုပ်ဆောင်တာ သိပ်ကောင်းတာပေါ့။
တွံတေးက မောင်သိန်းတန်ရဲ့
အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ
ရုပ်ရှင်ထဲမှာတော့ သိပ်လွမ်းစရာပဲ။
မြတ်ထန်ရဲ့ နှောင်းတမြေ့မြေ့
သုမောင်ကိုကြည့်ပြီး သနားမိပါရဲ့။
ဒီကနေ့ စစ်သား
ရုပ်ရှင်ထဲကလိုတော့ မဟုတ်
လွမ်းစရာလည်းမဟုတ်
သနားစရာလည်းမဟုတ်
အားကျဖို့ဆို ဝေလာဝေး
အများအမြင်မှာတော့
ဘာဆိုဘာမှမဟုတ်
တကယ် မဟုတ်တော့ဘူးလား?
ခေတ်သစ်စစ်သား
အပယ်ခံလူသားမဟုတ်
နှလုံးသားနဲ့လူ
သစ္စာတရားနဲ့လူ
အဓိပ္ပာယ်ရှိတဲ့လူ
သိက္ခာရှိတဲ့လူ
မော်ကွန်းတွင်မဲ့လူ
အမှန်တရားဘက်ကလူ
ဘယ်သူတွေဖျက်ဖျက်
ဖြောင့်မတ်တဲ့ ဒီစိတ်ဓာတ်
ကမ္ဘာပျက်တောင် မပြောင်းလဲဘူး။

                                                    မျိုးချစ်လုလင်

Posted by Unknown on Friday, September 13, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive