Oxford တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလေးများ၏ အဝတ်အစားမပါဘဲ ဆော့ကစားခဲ့ကြသော အားကစားပုံရိပ်များပါဝင်သည့် ၂၀၁၄ ခုနှစ် အဝတ်ဗလာပြက္ခဒိန်ကို ထုတ်ဝေခဲ့သည်။ အဆိုပါ ပြက္ခဒိန်တွင် လက်ရွေးစင်အားကစားသမား ၇၀ ပါဝင်ကစားထားသော ပုံရိပ်များပါဝင်ပြီး ဈေးနှုန်းမှာ ပေါင် ၁၀ သတ်မှတ်ရောင်းချခဲ့သည်။ ထိုသို့ရောင်းချပြီးရရှိလာသော ငွေများကိုနိုင်ငံတကာ ပညာရေး ရန်ပုံငွေတွင်ထည့်မည်ဖြစ်ပြီး အစားအသောက်ဘဏ်တွင်လည်း ထောက်ပံ့ပေးသွားမည်ဟု သိရ သည်။
ထိုပြက္ခဒိန်တွင် Oxford ကျောင်းသား၊ ကျောင်းသူလေးများ၏ အံ့မခန်း အားထုတ်မှုများ တွေ့မြင်ရ မည်ဖြစ်သည်။ ပြက္ခဒိန်တွင် လိင်ဆွဲဆောင်မှုရှိလှသော ကျောင်းသားလေးများပါဝင်ပြီး ဟော်ကီကစား ပွဲများ၊ လှေလှော်ပြိုင်ပွဲများ၊ ခရစ်ကတ်ပြိုင်ပွဲများ၊ ရေကူးပြိုင်ပွဲများနှင့် တခြားသော ကစားနည်းများကို လည်း ပါဝင်သရုပ်ဖော်ခဲ့ကြသည်။
"ကျွန်မတို့ခဏတာလေးပဲ ဓာတ်ပုံရိုက်ခံခဲ့သူ ဂရေ့ဆီဂယ်လ်က ပြောခဲ့သည်။ အသက် ၁၉ နှစ်ရှိသော ကောလိပ်ကျောင်းသူတစ်ဦးကလည်း "ဒီအစီအစဉ်က သိပ်ကောင်းပါတယ်။ အားကစားပြက္ခဒိန်မှာ ရသတစ်မျိုးပါတာပေါ့။ ဒီပြက္ခဒိန်မှာ ကျွန်မလဲပါခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်မဟုတ်တဲ့နည်း လမ်းနဲ့အလှူငွေရှာပေးရလို့ပါပဲ" ဟုပြောခဲ့သည်။
မောက္ခ
www.mmdailystar.com
0 comments