From : .. Smart Pro Journal




ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

"Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့်  သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့ လျက်ရှိပြီးအဆိုပါသတင်း များမှာလည်း မှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။ လူမှုကွန်ယက်များတွင် ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့် ပတ်သက်ပြီးသတင်းလွှင့်ခြင်း များသည်သက်ဆိုင်ရာကုမ္ပဏီများ၏ အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန် ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသ ယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ် လုပ်ဆောင်လာ တာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကို
ဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။

အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင်  Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။



 .. www.MyanmarExpress.net

Posted by Unknown on Friday, September 20, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive