Video grab of the trial of three people sentenced to death for their roles in an October attack on the edge of Beijing's Tiananmen Square
အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အုပ်စုအဖွဲ့ဝင် ရာဇ၀တ်သား ၈ ယောက်ကို တရုတ်နိုင်ငံမှာ ကွပ်မျက်လိုက်ပါတယ်။
အပြစ်ပေးခံရ ရာဇ၀တ်သား ၈ ယောက်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု ၅ ခုမှာ ပါဝင်ခဲ့ပါတယ်။
လူသတ်မှု၊ မီးရှို့မှု၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်မှု၊ တရားဥပဒေနဲ့မညီတဲ့ ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ခဲ့တယ်လို့ ရှင်ဂျန်းဒေသမြို့တော် အူရမ်ကီနဲ့ ခရိုင်တရားရုံး ၃ ခုက ဆုံးဖြတ်ခဲ့တာပါ။
ဆုံးဖြတ်ချက်ကို ပြည်သူ့တရားရုံးချုပ်ကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။
Read More
အမေရိကန်သတင်းထောက် Peter Theo Curtis (al Jazeera)အမေရိကန်သတင်းထောက် Peter Theo Curtis (al Jazeera)
ဆီးရီးယားနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းကဖမ်းဆီးခံခဲ့ရတဲ့ အမေရိနိုင်ငံသား သတင်းထောက်တယောက်ကို အစ္စလာမ်မစ်သူပုန်တွေက ပြန်လွှတ် ပေးလိုက်ပါတယ်။ တခြား အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်း အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ပြန်ပေးဆွဲထားသူတွေက အမေရိကန်သတင်းထောက် Peter Theo Curtis ကို တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့လက်ကို လွှဲပြောင်း ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
သူ့ကိုဖမ်းဆီးထားစဉ် ထွက်ပေါ်လာတဲ့ဗွီဒီယိုထဲမှာတော့ Curtis က သူဟာ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဒေသမှာရှိတဲ့ Massachusetts ပြည်နယ် Boston မြို့က သတင်းထောက်တယောက်ဖြစ်ကြောင်းနဲ့ သူ့ကို ကောင်းမွန်စွာထားကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာအခြေစိုက်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေးကော်မတီ CPJ ကတော့ ဆီးရီးယားနိုင်ငံမှာ သတင်းထောက် စုစုပေါင်း ၂၀ ၀န်းကျင် ပျောက်ဆုံးခဲ့ပြီး အဲဒီအထဲမှာ Curtis ဟာ တယောက်အပါဝင်ဖြစ်တယ်လို့ ပြောပါတယ်။
Curtis ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြိုဆိုလိုက်ပြီး ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား ဓားစားခံတွေ လွတ်မြောက်ရေးအတွက် စစ်ရေး၊ သံတမန်နည်းလမ်း၊ ထောက်လှမ်းရေး အဆက်အသွယ် စတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်လို့ ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Read More
အီရန်နိုင်ငံ၊ နာတန့်ဇ် (Natanz) မြို့က ပင်မ နျူကလီယားသန့်စင်စက်ရုံနားကို ကပ်လာတဲ့ အစ္စရေးရဲ့ ထောက်လှမ်းရေး အဝေးထိန်းဒုံးယာဉ်ကို ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။
 ရေဒါအောက်ကနေ ပျံသန်းနိုင်တဲ့ Stealth drone ယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ချိန်ရွယ်ထားခဲ့ပြီး တီဟီရန်မြို့တော်ကနေ မိုင် ၁၉၀ နီးပါး အကွာလောက်မှာ တည်ရှိတဲ့ နျူကလီယားစက်ရုံ တားမြစ်နယ်မြေကို မဝင်ရောက်ခင်မှာ ပစ်ချလိုက်တာလို့ အီရန်တပ်ဖွဲ့တွေက ပြောပါတယ်။
ဘယ်အချိန်မှာ ပစ်ချလိုက်တာလဲ၊ အဲဒီ မောင်းသူမဲ့ယာဉ်ဟာ အစ္စရေးရဲ့ယာဉ်ဆိုတာ ဘယ်လို သိသလဲဆိုတာတွေ ကြေညာချက်မှာ ဘာမှ ပြောမထားပါဘူး။ အစ္စရေးကတော့ ဒီလိုမျိုး နိုင်ငံခြားက သတင်းတရပ်ကို ဘာမှ မှတ်ချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ နာတန့်ဇ် နျူကလီယားစက်ရုံမှာက ယူရေနီယံသတ္တု သန့်စင်ဖို့အတွက် ဗဟိုခွာအားစက် ၁၆,၀၀၀ ကျော် တပ်ဆင်ထားတာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးကို နိုင်ငံအဖြစ်နဲ့ရပ်တည်ခွင့်ကို အသိအမှတ်မပြုသလို အစ္စရေးကလည်း အီရန်ရဲ့နျူကလီယားစက်ရုံတွေကို တိုက်ခိုက်မယ်လို့ မကြာခဏ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Read More
ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီဝင် ၄၀ လောက်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်အဖြစ် ဒီနေ့ ကူးပြောင်းခဲ့ပါတယ်။
ပါတီပြောင်းကြသူတွေထဲမှာ လားရှိုးမြို့နယ် ကျားဖြူပါတီ တွဲဖက်အတွင်းရေးမှူးနဲ့ အလုပ် အမှုဆောင်တချို့ ပါဝင်တယ်လို့ သိရပါတယ်။
ပါတီဝင်လျှောက်လွှာပေးအပ်ပွဲကို လားရှိုးမြို့ ကျားခေါင်းပါတီရုံးမှာ ကျင်းပခဲ့ပြီး ပါတီပြောင်းခဲ့ သူ ၄၀ ကျော်ထဲက တစ်ဦးဖြစ်တဲ့ ဦးစိုင်းလှမြင့်က ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
"ကျားဖြူပါတီက ပြည်သူကို အကျိုးပြုတာ နည်းနည်း နည်းတာပေါ့ဗျာ၊ နည်းတဲ့အနေနဲ့ ကျနော်က မကြိုက်လို့ ကျနော်က နှုတ်ထွက်တာဗျ၊ ကျနော်တို့က ယုံယုံကြည်ကြည်ပဲ ၁၀၀ ရာခိုင်နှုန်း ဒီကျားခေါင်းပါတီကတော့ ကိုယ့်အကျိုးအတွက် ကိုယ်မဟုတ်၊ နိုင်ငံတော်အတွက်၊ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံတော်အတွက် ပြည်ထောင်စုမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေ အကုန်လုံး အကျိုးပြုဖို့ ဒါကျနော် ယုံကြည်လို့ ကျနော်ဝင်လိုက်တာပါခင်ဗျ"
ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီတို့ ပူးပေါင်းဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးနေကြပေ မယ့် မဖြစ်နိုင်တော့တဲ့အတွက် ကျားဖြူပါတီဝင်အတော်များများ ပါတီက နှုတ်ထွက်ပြီး ကျားခေါင်းပါတီကို ပြောင်းကြတာလို့ ဆိုပါတယ်။
အခုနှစ်မတ်လလောက်ကလည်း ကျားဖြူပါတီဝင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် သုံးဦးအပါအ၀င် ပါတီဝင် ၁၀၀၀ နီးပါး နှုတ်ထွက်ခဲ့ပါတယ်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦးရှိခဲ့ပါတယ်။
ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒုတိယအများဆုံး လွှတ်တော်ကိုယ်စားလှယ်အရွေးခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။
RFA Burmese
Read More
မုံရွာ ကျောင်းသား ဆန္ဒပြပွဲ
မုံရွာမြို့ပေါ် တက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ၊ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်တဲ့ ဆန္ဒပြ စီတန်း လှည့်လည်မှု၊ မုံရွာမြို့ ပေါ်မှာ ပြုလုပ် ခဲ့ကြပါ တယ်။
ပညာရေး ဥပဒေ မူကြမ်းကို အစိုးရ နဲ့ လွှတ်တော်က ရေးဆွဲ နေတာမှာ၊ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ပါဝင် ပတ်သက် နိုင်ခွင့် ရှိဖို့နဲ့၊ ကျောင်းသားထု အခွင့် အရေးတွေ ကို တောင်းဆိုခဲ့ တာ ဖြစ်တယ် လို့ ဒေသခံ သတင်းထောက် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဗကသ ကျောင်းသူ ကျောင်းသားတွေ အပါအဝင်၊ တက္ကသိုလ် ကျောင်းသား အသင်းအဖွဲ့တွေ စုစည်းထားတဲ့ ကွန်ယက်က ကျောင်းသူ ကျောင်းသား အင်းအားစုတွေ၊ အခု ဆန္ဒပြပွဲမှာ အင်အား ၁၀ဝ ဝန်းကျင် ပါဝင်ခဲ့ပြီး၊ ပညာရေး ဥပဒေကြမ်း အလိုမရှိ ကြွေးကြော်သံတွေ ပိုစတာတွေ ကိုင်စွဲ လှည့်လည်ခဲ့တယ် လို့ သိရပါတယ်။
အခုလို စီတန်း လှည့်လည်မှု ကို အာဏာပိုင် တွေ ဘက်က စောင့်ကြည့် မှတ်တမ်း တင်တာ တွေ ရှိပေမယ့်၊ တားဆီးမှု မလုပ်ခဲ့ပဲ၊ ဆန္ဒပြပွဲဟာ ညနေ ၄နာရီခွဲ ဝန်းကျင် မှာ လူစု ကွဲသွားခဲ့တယ် လို့ မြို့ခံ သတင်းထောက် က ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Read More
Road-in-Arakan-state-Myanmar
ရခိုင်ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် တည်ဆောက်ပြီးစ ရခိုင်ပြည်နယ်မှ ကျေးရွာချင်းဆက် လမ်းတစ်ခု ဖြစ်နေရပုံ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် ဘတ်ဂျက်ထဲမှ အသုံးမပြုနိုင်ဘဲ ပိုလျှံခဲ့ရသော ကျပ်ငွေ (၁၃ ဒသမ ၁၈) ဘီလျံ ကို ပြည်ထောင်စု အစိုးရသို့ ပြန်လည်အပ်နှံလိုက်ရသည်ဟု သတင်းရရှိသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လွတ်တော်မှ စိစစ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားသည့် ဘတ်ဂျက်ငွေ စုစုပေါင်းမှာ ကျပ်ငွေ (၁၀၉) ဘီလျံ ဖြစ်သည်။
၎င်း (၁၀၉) ဘီလျံအထဲမှ (၁၃ ဒသမ ၁၈) ဘီလျံမှာ အသုံးမပြုနိုင်ခဲ့သဖြင့် ပြည်ထောင်စု အစိုးရသို့ ပြန်လည် အပ်နှံခဲ့ရခြင်း ဖြစ်သည်။
ဘတ်ဂျက်ငွေ (၁၃) ဘီလျံကျော်ကို ပြည်ထောင်စု အစိုးရသို့ ပြန်လည် အပ်နှံလိုက်ရသဖြင့် ရခိုင်ပြည်နယ် အတွက် အထူး နစ်နာခဲ့ရသည်ဟု ပြည်နယ်လွတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်မြကျော်ကပြော သည်။
“၂၀၁၃-၁၄ မှာ ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ ဌာန (၂၅) ခုရှိတယ်။ အဲဒီ ဌာနတွေအတွက် တနှစ်အတွက် (၁၀၉) ဘီလျံ တင်ပါတယ်။ အဲဒါကို ကျွန်တော်တို့လွတ်တော်က အသေချာ စိစစ်ပြီးခွင့်ပြု လိုက်တယ်။ ဒါပေမဲ့ အဲဒီ ဌာနတွေက စီမံခန့်ခွဲ့မှု မကောင်းသလို ဒီဘတ်ဂျက်တွေကို အသုံးမပြုနိုင်တဲ့အတွက် ပြည်ထောင်စု အစိုးရကို ပြန်ပေးလိုက်ရတာဖြစ်တယ်။ ဒီလိုဖြစ်ရတာဟာ ရခိုင်ပြည်နယ်အတွက် အကြီးအကျယ် နစ်နာမှု ဖြစ်ပါတယ်”  ဟု သူက ဆိုသည်။
ဘတ်ဂျက်ငွေကို အများဆုံး အသုံးမပြုနိုင်၍ ပြန်ပေးလိုက်ရသည့် ၀န်ကြီးဌာနမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာနဖြစ်ပြီး ယင်းဝန် ကြီးဌာန တခုတည်းမှ ကျပ် ၁၀ ဘီလျံကျော် ပြန်ပေးခဲ့ရဟု ဆိုသည်။
“ အဓိကတော့ ဆောက်လုပ်ရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးပိုင်းမှာ နစ်နာသွားပါတယ်။ ဆောက်လုပ်ရေး ၀န် ကြီးဌာနအတွက် ချပေးတဲ့ ဘတ်ဂျက်က အများဆုံးပါ။ ဘီလီယံ ၄၀ ခန့်ရှိမယ် ထင်တယ်။ ဒါပေမဲ့ အကောင်အထည် ဖော်နိုင်တာက ၅၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ဒါကြောင့် ကျွန်တော်တို့ လမ်း၊ တံတားပိုင်းမှာ အဓိက နစ်နာ သွားတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဘတ်ဂျက်ငွေများ ပြန်ပေးလိုက်ရသည့်ကိစ္စနှင့် ပတ်သတ်ပြီး ယခုလ ၂၁ ရက်နေ့က ကျင်းပသည့် ရခိုင် ပြည်နယ် လွတ်တော် အစည်းအဝေးတွင် ဦးအောင်မြကျော်မှ ဝေဖန်ဆွေးနွေးခဲ့သော်လည်း အစိုးရအဖွဲ့ ၀န်ကြီး ဌာနများမှ တစ်စုံတရာ တာဝန်ယူ ဆွေးနွေးဖြေရှင်းမှု မရှိခဲ့ကြောင်း သူကဆိုသည်။
အလားတူ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသည့် ဘတ်ဂျက် အသုံးစရိတ်မှ ကျပ်ငွေ (၉) ဘီလျံကို အသုံးမပျြနိုင်သဖြင့် ပြည်ထောင်စု အစိုးရကို ပြန်လည် ပေးအပ်ခဲ့ရသည်ဟု သိရသည်။
ယခင် ရခိုင်ပြည်နယ် ၀န် ကြီးချုပ် ဦးလှမောင်တင်လက်ထက်တွင် (၂) နှစ်ဆက်တိုက် အသုံးစရိတ်ပိုနေခဲ့သည့် အတွက် ယခုလက်ရှိ ၀န်ကြီးချုပ် အသစ် ဗိုလ်ချုပ် မောင်မောင်အုန်း လက်ထက်တွင် ယခုကဲ့သို့ မဖြစ်ရအောင် မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။
၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွက် ကျပ် (၁၉၈) ဘီလျံ ခွင့်ပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံထဲမှ အဆင်းရဲဆုံးပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ခံထားရသော ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရမှ ချပေးသော ငွေများကို အသုံးမပြုဘဲ ပိုလျံနေသည်ဟု ဆိုကာ ပြန်လည် အပ်နှံနေသော ရခိုင်ပြည်နယ် အစိုးရ၏ လုပ်ရပ်အပေါ် အများပြည်သူက ဘ၀င်မကျ ဖြစ်နေသည်ဟု သိရသည်။
နိရဉ္စရာ
Read More
ဇွန်လအတွင်းက ရခိုင်ပြည်လွတ်မြောက်ရေး
ပါတီ အမှတ်(၉) တပ်ရင်းမှ ပလက်ဝမြို့ 
ရဲစခန်းတွင် ဖမ်းဆီး ခြင်းခံနေရသည့်
 ဆေးတပ်သား၊ တပ်ကြပ် ခိုင်ထွီးနှင့်
 အောင်ရွှေမြတို့ မှာ ယခုအချိန်ထိ မလွတ်မြောက်
သေးသည့်အပြင် ခရီးသွားပါတီဝင်များနှင့် ရဲဘော်များကို စစ်ဆေးခြိမ်းခြောက်မှုများ အများအပြားရရှိ လာကြောင်း သိရှိရပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ ရဲဘော် ခိုင်ရှင်ထွန်းသည် ဗဟိုဌာနချုပ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော် ဆက်ဆံရေးရုံးသို့  လာရာ ပလက်ဝမြို့ နယ် ချင်းလက်ဝ ကျေးရွာအရောက်တွင် သက်ဆိုင်ရာ ရဲနှင့် စစ်တပ်ကို အကြောင်းကြားအသိပေးပြီး လာသော်လည်း သြဂုတ်လ (၉) ရက်နေ့  ပလက်ဝမြို့ နယ် တရွှိင်အိုင်ကျေးရွာ အရောက်တွင် ပလက်ဝမြို့ နယ် အခြေစိုက် ခလရ (၂၈၉)မှ အမည်မသိ ဗိုလ်ကြီးအဆင့်ရှိသူ တဦးရောက်ရှိလာပြီး ဆိပ်ကမ်းရုံးသို့ ခေါ်ယူကာ ခြိမ်းခြောက် စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ခံခဲ့ရသည်ဟု အဆိုပါ ရဲဘော်မှ ပြောကြားခဲ့သည်။
စစ်ဆေးသည့်နေရာတွင် ရဲဘော်ခိုင်ရှင်ထွန်း၏ ကျောပိုးအိပ်ကိုဖွင့်ကာ အတင်းအဓမ္မရှာဖွေပြီး သူ့ တွင် ပါသည့် စာရွက်စာတမ်း၊ CD ၊ SD Card များကို မတ္တူကူးယူခြင်း၊ စာရွက်စာတမ်းတွင် ပါသည့် အကြောင်း အရာများကိုအခြေခံပြီး စစ်ဆေးမေးမြန်းခြင်းများနှင့် သေနတ်ဖြင့် ပစ်သတ်လိုက်လို့ ရသည်ဟုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်ရှင်ထွန်းမှ ဖွင့်ဟပြောကြားခဲ့ပါသည်။ နောက်တစ်နေ့  သြဂုတ်လ (၁၀) ရက်နေ့ မနက် (၈) နာရီတွင် ခိုင်ရှင်ထွန်းထံမှ သိမ်းဆည်းခဲ့သည့် စာရွက်စာတမ်း၊ CD နှင့် SD Card များကို ပြန်ပေးသော်လည်း ဘုန်းကြီးကျော်သို့  ခေါ်ယူကာ ဗျူဟာမှူးက တဖန်စစ်ဆေးပြီး မှန်မှန်ကန်ကန် မဖြေဆိုပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ ကာလတွင် နိုင်ငံတော်အစိုးရမှ ဖွဲ့ စည်းပေးထားသည့် UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များမှ ဖွဲ့  စည်းထားသည့် NCCT တို့  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးကို အပြင်းအထန် ညှိနှိုင်းကြိုးပမ်း နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များကို မြန်မာ့တပ်မတော်မှ ယခုကဲ့သို့  ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ တိုးစစ်ဆင်ခြင်းများသည် မြန်မာ့တပ်မတော်ဖက်မှ လုံးဝမလုပ်သင့်သည့် အရာများဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းများကို အနည်းနှင့်အများ ထိခိုက်နိုင်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဝင်တစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
Contact- 09450035991, 09250453991
စည်းရုံးရေးနှင့်ပြန်ကြားရေးဌါန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဗဟိုဌာနချုပ်
Read More
Bangladesh Myanmar-flag
လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကျင်းပရန် စီစဉ်ထားပြီးမှ နယ်စပ်တင်းမာမူကြောင့် ရွှေ့ဆိုင်းခဲ့ရသော (၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဆင့် အစည်းအဝေးကို ယခုလအတွင် ပြန်ကျင်းပမည်ဖြစ်သည်။
ယင်းသို့ ကျင်းပမည်ဖြစ်ကြောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က သတင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် မြန်မာ- ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဆင့် အစည်းအဝေးကို ယခုလ ၃၁ ရက်နေ့တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပမည်ဟု ဖေါ်ပြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် အထူးအလေးထား ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းပြင် နှစ်နိုင်ငံ စီးပွား- ကုန်သွယ်ရေး မြှင့်တင်ရေးကိစ္စ၊ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်တလျှေက် နှစ်ဘက်ဆယ်သွယ်မှုများ တိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
တစ်ဘက်တွင်လည်း ဘင်္ဂလာဘက်တွင်ရှိနေသည့် မြန်မာမှ ဘင်္ဂလီဒုက္ခသည်များကိစ္စ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
ယခုကျင်းပမည့် အစည်းအဝေးမှာ လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကျင်းပရန် စီစဉ်ထားသော အစည်းအဝေးဖြစ်ကြောင်း၊ သို့သော်လည်း ဘင်္ဂလား မြန်မာနယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည့်အတွက် တင်းမာမှုများရှိခဲ့သောကြောင့် သြဂတ်စ်လ ၃၁ ရက်နေ့ကို ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။
(၇) ကြိမ်မြောက် နိုင်ငံခြားရေး ဒု ၀န်ကြီးအဆင့် အစည်းအဝေးကို လွန်ခဲ့သည့်နှစ် ဧပြီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့သည်။
ယခု အစည်းအဝေးကို မြန်မာဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တစ်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလာဒေခ်ျ့ဘက်မှ နိုင်ငံခြားရေး အတွင်းဝန်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ
Read More
  ဂျာမနီ ဖွံ့ဖြိုးရေး ထောက်ပံ့မှု ၀န်ကြီး ဂတ်မူ
လာ က ကာတာ နိုင်ငံသည် ဂျီဟတ်ဝါဒီ
စစ်သွေးကြွ အုပ်စု တစ်ခုဖြစ်သော IS အဖွဲ့ကို
 ငွေကြေး ထောက်ပံ့မှုများ လုပ်နေကြောင်း
 စွပ်စွဲလိုက်သည်။
IS ကို ဘယ်သူက ဘဏ္ဍာရေး ထောက်ပံ့နေသလဲ။ သဲလွန်စ ကတော့ ကာတာပါပဲ”” ဟု ၀န်ကြီးမူလာ ကဆိုသည်။ ဂျာမန် ဒုတိယ အဓိပတိ ဖြစ်ပြီး စီးပွားရေး ၀န်ကြီးတစ်ဦးလည်း ဖြစ်သည့် ဆစ်ဂမာဂေဘရီယယ် ကလည်း ယခု အပတ်အတွင်း မှာပင် ထို IS တပ်ဖွဲ့ကို မည်သည့် နိုင်ငံနှင့် အဖွဲ့အစည်းများ က ငွေကြေး ထောက်ပံ့နေကြောင်း ဆွေးနွေးကြရန် တိုက်တွန်း ထားသည်။
သို့သော် ၎င်းက မည်သည့် နိုင်ငံဆိုသည်ကိုမူ ထုတ်ပြောခဲ့ခြင်း မရှိပေ။ ဂျာမနီသည် လာမည့် ရက်များ အတွင်း အီရတ်တွင် အိုင်အက်စ် တပ်များကို တိုက်နေသော ကာ့ဒ် တပ်ဖွဲ့များကို ထောက်ပံ့မှုများ လုပ်ရန် ဆုံးဖြတ်မည် ဖြစ်သည်။
Source:AFP
Read More
ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရသော အမေရိကန်
ဂျာနယ်လစ်တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့မှုအား
 ရိုက်ကူးထားသည်ဟု ယူဆရသောဗီဒီယိုကို
 အီရတ်ရှိ အစ္စလာမ္မစစ်အစွန်းရောက်
 ဂျီဟတ်အဖွဲ့ IS က ထုတ်ပြန်ခဲ့ပြီး အီရတ်တွင်
နှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော အမေရိကန်တို့၏လေကြောင်းမှ
တိုက်ခိုက်နေမှုများကို တိုက်ရိုက်လက်တုံ့ ပြန်မှု တစ်ခုဖြစ်ခဲ့သည်။ အီရတ်တွင် ဗုံးကြဲတိုက်ခိုက်မှုများ မရပ်တန့်ပါက နောက်ထပ် အမေရိကန်သတင်းထောက် တစ်ဦးကိုလည်း သတ်ပစ်မည်ဟု IS က ခြိမ်းခြောက်ခဲ့သည်။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် ဆီးရီးယား၌ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသော အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးနှင့် ဆင်တူသူ တစ်ဦးအား မျက်နှာဖုံးစွပ် စစ်သွေးကြွတစ်ဦးက ခေါင်းဖြတ်နေပုံ ရိုက်ကူးထားသည့် ဗီဒီယိုအား IS က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဗီဒီယိုတွင် အမေရိကန်သတင်းထောက် နောက်တစ်ဦးဖြစ်သော စတီဗင်ဆို့တ်လုဖ်ဟုဆိုသူ အသက်ရှိလျက် ရှိနေသေးသည်ကို ပြသခဲ့ပြီးနောက် ၎င်း၏ကံကြမ္မာသည် ဂျီဟတ်အဖွဲ့အား တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပေါ် မူတည်နေသည်ဟုလည်း သတိပေးထားသည်။
“ကျွန်မတို့သား ဂျင်အတွက် အခုလောက် ဘယ်တုန်းကမှ ဂုဏ်မယူဖူးပါဘူး။ သူဟာ ဆီးရီးယားပြည်သူတွေ ထိခိုက်ခံစားနေရတာကို ကမ္ဘာကသိအောင် ဖော်ထုတ်ဖို့ ကြိုးစားရင်း အသက်ပေးလိုက်ရတာပါ” ဟု ဖိုလေး၏မိခင် ဒိုင်ယန်နီက Facebook တွင် ရေးသားခဲ့သည်။ “ဂျင်လိုပဲ အပြစ်မရှိဘဲ အဖမ်းခံထားရတဲ့သူတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်မတို့ အနူးအညွတ် တောင်းပန်ပါတယ်။ သူတို့ဟာ အီရတ်၊ ဆီးရီးယား ဒါမှမဟုတ် ကမ္ဘာပေါ်က ဘယ်နေရာအတွက်မဆို ထားရှိတဲ့အမေရိကန် အစိုးရရဲ့ မူဝါဒတွေကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး” ဟု ၎င်းကရေးသားခဲ့သည်။
အဆိုပါဗီဒီယိုကို အမေရိကန် ထောက်လှမ်းရေးများက လေ့လာနေသည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ “ဒီဗီဒီယိုက အစစ်အမှန် ဖြစ်ခဲ့တယ်ဆိုရင် အခုလို အပြစ်မရှိတဲ့ အမေရိကန် ဂျာနယ်လစ်တစ်ဦး ရက်စက်စွာ အသတ်ခံရတဲ့ဖြစ်ရပ်က ကျွန်တော်တို့ကို တုန်လှုပ်စေပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ကတ်လင်ဟေဒန်က ပြောကြားခဲ့သည်။ ဂလိုဘယ်ပို့စ်၊ အေအက်ဖ်ပီနှင့် အခြားသတင်းဌာနများအတွက် လုပ်ကိုင်နေပြီး အတွေ့အကြုံရှိသော သတင်းထောက်တစ်ဦးဖြစ်သည့် ဖိုလေးသည် ဆီးရီးယားသို့ မသွားမီ လစ်ဗျားတွင် ဖြစ်ပွားနေသော သတင်းများကို ပေးပို့ခဲ့ကြောင်း သိရသည်။
Ref:AFP
Read More
၂၀-၀၈-၂၀၁၄ ၁၅း၀၀ ထိုင်းနိုင်းငံဘန်ကောက်
မြို့နှင့် အနီး နခေါပုထုန်မြို့နယ် ရှိ ဒေါ(န်)
သုန်ကျေးရွာတွင်မုဒိန်းမှုတစ်ခုဖြစ်ပွား
ခဲသည်ပာု ထိုင်းရတ် သတင်းစာ တွင်ရေး
သားဖေါ်ပြထားသည် အခင်းဖြစ်စဉ်
ပထွေးဖြစ် သူမှ သမီး ၃ ယောက် ကို သားမယား အဖြစ် စော်ကားခဲ့သည်မှာ အကြီးဆုံးဖြစ် သူကို ၆ လပိုင်း ၂၀၁၃ ညီမ ၂ ယောက်ကို ၄ လပိုင်း ၂၀၁၄ တွင်ပြုကျင့် ခဲ့သည်ပာုသိရသည်။
သမီးအကြီးဆုံးမှာ အသက် ၁၇ နှစ်။သမီးအလတ် ၁၆နှစ်။ နှင့် သမီးအငယ် ၁၂ နှစ်ဖြစ်သည် ပထွေးဖြစ်သူ၏ အရင် နေရပ်မှာမူ ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး ရှိနခေါပုထုန် မြို့နယ် ဒေါင်သုန် ရပ်ကွက်တွင် နေထိုင်သူတစ်ဥိးဖြစ်သည် သမီး ၃ ယောက်ကို မလိုမဖွယ်ရာပြုလုပ်ခဲ့ရာ သမီးအကြီးဆုံးမှာကိုယ်ဝန်ရှိ လာပြီးကျောင်း တက်ရာတွင် ကျောင်းဆရာမမှသမီးအကြီးဆုံးကို မသင်္ကာ ဤမေးမြန်းခဲ့ ရာတွင်အဖြစ်မှန်ကိုပေါ်ပေါက်ခဲ့သည်ပာုဆိုသည်။
အလားတူ ညီမဖြစ်သူ အသက် ၁၆ နှစ် နှင့် အသက် ၁၂ အရွယ်ဖြစ်သူကိုလည်း အဖေလုပ်သူ၏ပြုမှုခြင်းကို ခံခဲရသည်ပာုထွက်ဆိုသည်။
ကျောင်းဆရာမမှတဆင့် အသက်ကြီးသူစောင့်ရှောက်ရေးအသင်းသို့ တိုင်ကြား အမှု့ဖွင့်ကာ တာဝန်ရှိရဲစခန်းမှအမှု့ကို ဆက်လက်ဖေါ်ထုတ်ရန် အတွက် သက်ဆိုင်ရာ တရားရုံးသို့တင်ပြရာ တရားရုံးမှ ဖမ်းဝရမ်း ၃ စောင်ထုတ်ပေး ခဲ့သည် ။
အမိဖြစ်သူ၏ထွက်ဆိုချက်အရ ပထွေးလုပ်သူ၏အိမ်ကို မှီခို၍ နေရသောကြောင့် လုပ်ရပ်ပြုမှုများကိုသိသော်လည်း အမိဖြစ်သူမှာပြန်မပြောရဲပာုဆိုသည်။ကျန် သမိးနှစ်ယောက်ကို ဆက်လက်စစ်ဆေးကြည့်သောအခါ လဲ အမှန်တကယ် ပြုကျင့် သည်ပာုထွက်ဆိုသည်။
နိုင်ဝိလို့ တရီအင်ထောင်း အသက် ၆၇ နှစ်သည်အရင်နခေါပုထုန်နယ်မြေတွင် ပုဇွန်မွေးမြုရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်နောက်ပိုင်းကာလများ တွင်ပုဇွန်မွေးမြူရေး တွင် ဆုံးရုံးမှုများဖြစ်ပေါ်လာပြီးနောက် တာ့ခ်မြို့နယ်နှင့် ကမ်ဖဲဖက်မြို့ဘက်သို့ ဆင်းပြီးသစ်လုပ်ငန်းအဖြစ်လုပ်ကိုင်နေစဉ် သမီး ၃ယောက် ရှိသော အမျိုးသမီးနှင့် အိမ်ထောင်ပြုခဲသည်ပာု သိရသည် သစ်လုပ်ငန်း ကိုအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင် ခဲ့ပြီးနောက်ပိုင်းတွင် ထိုကိစ္စရပ်များဖြစ်ခဲသည်ပာုဆိုသည်။
တာဝန်ရှိများဖမ်းဆီးရန်အတွက် နခေါပထုန်နယ်မြေတွင် ရှာဖွေခဲ့ရာ မရှိတော့ သဖြင့် တိမ်းရှောင်နေသောနေရာသစ်တွင် ဆက်လက်ဖမ်းဆီးရန် ပြင်ဆင်ခဲ့ပြီးနောက် တာခ့်ခရိုင် ဝမ်ကျောက် မြို့ရှိ မူဆိုပွာတ်ခေါင်မီ နယ်မြေ အမှတ် ၁၀ ရှင်ထောင်း ရပ်ကွက် အိမ်နံပါတ် မရှိသော အိမ်တွင် တာဝန်ရှိ ရဲများက ဝင်ရောက်ဖမ်းဆီးကာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမည် ပာုထိုင်းရတ်သတင်းစာ တွင်ရေးသားထား သည်။
မူရင်းသတင်း - ရွှေလုပ်သား Facebook Page
နေဇော်လင်း
Read More
Islamic State အစွန်းရောက်အဖွဲ့က စစ်သွေး
ကြွတွေ အမေရိကန်သတင်းထောက်
 James Foley ကို သတ်ဖြတ်ခဲ့တာဟာ
အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်
တိုက်ခိုက်မှုတွေ
တိုက်ရိုက်ကျူးလွန်တဲ့သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူနှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။
Islamic State အဖွဲ့ဟာဆိုရင် လွန်ခဲ့တဲ့ ၆ လ အခြေအနေကထက် ပိုပြီးတော့ ခြိမ်းခြောက်မှုကြီးလာတယ်လို့လည်း ပြောပါတယ်။ နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ဆုံးဖြတ်တဲ့အပြင်၊ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း နိုင်ငံနယ်စပ်မျဉ်းတွေ အကန့်အသတ်ထားမှာ မဟုတ်ဘူးလို့လည်း အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောပါတယ်။
Islamic State လက်နက်ကိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်းမှာပဲ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီယားအရှေ့ပိုင်း နေရာအတော်များများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။ သူတို့ဟာ ဆီးရီယားနဲ့အီရတ်နှစ်နိုင်ငံအကြား  လွတ်လပ်စွာ ကူးလူး လှုပ်ရှားနေတာဖြစ်ပါတယ်။ နောက်အခြေအနေတခုကတော့ အီရတ် က ဘဂ္ဂဒတ်မြို့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူနီ မူဆလင်ဗလီတခုကို သောကြာနေ့က အကြီးအကျယ် တိုက်ခိုက်မှု တခုဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ၀တ်ပြုဆုတောင်းနေသူ လူ ဆယ်ဂဏန်း သေဆုံးခဲ့ ပါတယ်။
ဒါဟာ သဘောထား တင်းမာတဲ့ ရှိရတ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်ချက်ဖြစ်တယ် ဆိုပြီး ဆူနီဘာသာရေးတာဝန်ရှိသူတွေက အပြစ်ဖို့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Islamic State စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အီရတ်အစိုးရ တပ်မှုးအချို့က ယူဆထားပါတယ်။
VOA (မြန်မာပိုင်း)
Read More
Related Posts Plugin for WordPress, Blogger...
Arakan Media Group
Popular Posts
Blog Archive